Part 1

154 17 4
                                    

🐺Unicode🐍

မနက်ခင်း လင်းရောင်ခြည်နှင့်အတူ ချီမြို့တော်ကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။ သက်ဝင်လှုပ်ရှားလာသည့် ချီမြို့တော်နှင့်အပြိုင် ချီမြို့တော်အား အုပ်ချုပ်သူ မြို့တော်ဝန်နေထိုင်ရာ မြို့လယ်ရှိ အိမ်တော်ကြီးအတွင်း မြို့တော်ဝန် ဝမ်လင်ကျောက် ပြန်လာပြီ ဟူသည့် သတင်းစကားသံနှင့်အတူ အိမ်တော်တစ်ခုလုံးရှိ ဘီတာအစေခံများမှာ ပျားပန်းခတ်မျှ လှုပ်ရှားနေကြရ၏။ မြို့တော်ဝန်တစ်ဦး၏ အိမ်တော်ပင် ဖြစ်လင့်ကစား နန်းတော်တမျှ ခမ်းနားကြီးကျယ်လွန်းလှသော အိမ်တော်ကြီး၏ ရာပေါင်းများစွာသော အခန်းပေါင်းများစွာထဲမှ အခန်းတစ်ခန်း၏ ရှေ့တွင်တော့ ငါးယောက်ထက်မနည်းသော ဘီတာအစေခံလေးများမှာ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးရင်း အခန်းတံခါးအား ခေါက်ရန်အတွက်ကိုပင် လက်တွန့်နေကြ၏။ အိမ်ကြီးသခင်ဖြစ်သူ မြို့တော်ဝန် ဝမ်လင်ကျောက်၏ အချစ်ဆုံးသားဖြစ်သူဟု အများသိထားကြသော သခင်ငယ်လေး ဝမ်ရိပေါ်အား အကြောင်းအရင်း ရေရေရာရာမရှိဘဲ မည်သူမျှ လက်လွှတ်စပယ် သွားမနှောင့်ယှက်ရဲကြသောကြောင့်ပင်။

မိခင်ဖြစ်သူ ဆုံးပါးသွားပြီးကတည်းက ဖခင်ဖြစ်သူနှင့် စကားကောင်းကောင်းမပြောဖြစ်တော့သော ဝမ်ရိပေါ်မှာ ငယ်စဥ်ကတည်းက တစ်ကိုယ်တည်း တသီးတသန့်နေလာခဲ့ပြီး တည်တင်းသုန်မှုန်နေတတ်သည့် မျက်နှာထားနှင့်အတူ အစေခံများနှင့်ပါ အဆက်အဆံမရှိသလောက် နည်းပါးခြင်းကြောင့် ရိပေါ်အား စကားစပြောရဲသည့် အစေခံဆိုသည်မှာ မရှိသလောက်ပင်။ သခင်လေးဟု တစ်ခွန်းမျှ ခေါ်မိရုံမျှဖြင့် ထသတ်တော့မတတ် စူးစိုက်ကြည့်လာသည့် အားပြင်းလွန်းလှသော မျက်ဝန်းအစုံကြောင့်လည်း ပါမည်ထင်ပါ၏။ မျက်နှာအနေအထားမှာ အပြုံးအရယ်မရှိ သုန်မှုန်နေသလောက် မျက်ဝန်းအကြည့်များ စူးရဲနေခြင်းမှာ သားကောင်အား ယခုပင် အမဲဖြတ်တော့မည့် မုဆိုးတစ်ကောင်အလား တစ်ဖက်လူအား သတိလစ်သွားစေရလောက်အောင် စူးရှလွန်းလှ၏။ ထို့ကြောင့်ပင် သခင်လေးရိပေါ် အခန်းတွင်းအောင်းနေချိန်တွင်တော့ ဘီတာအစေခံများအတွက် စိတ်သက်သာရာ ရရသော်ငြား သခင်လေးဖြစ်သူ အခန်းပြင်ထွက်လာချိန်တွင်တော့ မည်သူမျှ တိုင်ပင်ထားခြင်းမရှိ အလိုလို ခေါင်းငုံ့သွားမိကြသည်အထိ။ ထိုမျှလောက်ထိပင် သခင်လေးဝမ်ရိပေါ်၏ အရှိန်အဝါမှာ အယ်လ်ဖာတစ်ယောက်ပီပီ မည်သူမျှ လိုက်မမီနိုင်လောက်အောင် ကြီးမားလွန်းလှ၏။ မည်သူ့ကိုမျှ ဂရုစိုက်ခြင်းအလျဥ်းမရှိ အိမ်တော်မှ ထွက်သွားတတ်သည့် သခင်လေးမှာ သူ၏ စိတ်ထဲ မည်သည့်အရာများ တွေးတောနေသည်ကို ခန့်မှန်း၍မရနိုင်လောက်အောင် လျို့ဝှက်လွန်းသူတစ်ယောက်လည်း ဖြစ်ပါသေးသည်။

HN (Hellishness)Where stories live. Discover now