Part 4

132 13 13
                                    

🐺Unicode🐍
စန္ဒာလမင်းက ကောင်းကင်ထက် ထိန်ထိန်သာနေသည်။ ဆောင်းတွင်းဝင်စ အချိန်အခါပေမို့ မြောက်ပြန်လေညင်းက ညင်းသွဲ့သွဲ့တိုးဝေ့တိုက်ခတ်နေသည်။ တိုက်ခတ်နေသည့် လေထုများကြား တစ်ချက်တစ်ချက် ဝေ့ဝဲပါလာတတ်သော အိုမီဂါတို့၏ မွှေးရနံ့များမှာ ဟိုးအရှေ့ခပ်လှမ်းလှမ်းရှိ ချီမြို့တော်တွင် နေထိုင်ကျက်စားနေကြကုန်သော ရမ္မက်ကြီးမားလှသည့် အယ်လ်ဖာများအတွက် ယစ်မူးစေသည့် ဆေးတစ်ခွက်အလား။ အမျိုးစုံလှသော ပန်းရနံ့တို့ဖြင့် ထုံမွှန်းမွှေးပျံ့နေသည်မှာ အနားမှ တစ်ဖဝါးမှ မခွာချင်လောက်အောင် စွဲလမ်းယစ်မူးမိစေသည်အထိ။ အနံ့တွင်သာမက ရုပ်ရည်ရူပကာ၊ အဆင်း အပြင် အသံမှအစ ကောင်းခြင်းငါးဖြာဖြင့် ပြည့်စုံကြသည်မှာ သီလသမာဓိနှင့် ပြည့်စုံလှသော သူတော်စင်တစ်ဦးအား ဖြားယောင်းမြူစွယ်ရန်အလို့ငှာ အသွင်ပြောင်းထားကြသော မြေခွေးမိစ္စာလေးများကဲ့သို့အလား။ ရမ္မက်ကြီးမားလှသော အယ်လ်ဖာတို့အတွက် စွဲလမ်းမှုအား တွန်းလှန်နိုင်ရန်အလို့ငှာ မည်သို့မျှ မစွမ်းသာကြ။ သို့ပါသော်ငြား အယ်လ်ဖာတို့၏ လိုချင်တပ်မက်မှုတို့မှာ စာနာထောက်ထားခြင်းမရှိ အလွန်အကျူးဖြစ်လာသည့်အခါ ခွန်အားအရာတွင် သူမတူအောင် အားနည်းနူးညံ့လှသော အိုမီဂါများမှာ နေထိုင်ရာ မြို့တော်ဟောင်းကို စွန့်ပယ်၍ အယ်လ်ဖာ၊ ဘီတာတို့နှင့် ဝေးရာ တောအုပ်ဆီသို့ လွတ်ရာလွတ်ကြောင်း ရှောင်ပုန်းကြရတော့၏။

ပြောင်းလဲလာသော ခေတ်အဆက်ဆက်၌ ချီမြို့တော်၏ မြို့တော်ဝန်များ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားခဲ့သော်ငြား၊ ချီမြို့တော်ကြီးမှာလည်း ယခင်ထက် ပိုမိုဖွင့်ဖြိုးတိုးတက်လာခဲ့သော်ငြား တောတွင်းတွင် စားကျက်မြေများ တစ်နေရာပြီးတစ်နေရာပြောင်းရွှေ့ရင်း အမျိုးမျိုးတိမ်းရှောင် ထွက်ပြေးနေကြရသည့် အိုမီဂါများမှာမူ အယ်လ်ဖာ၊ ဘီတာများလက်မှ လွတ်မြောက်နိုင်စွမ်း မရှိကြသေး။ ပင်ကိုယ်ဗီဇအားဖြင့် နိုင်လိုမင်းထက် ပြုကျင့်တတ်ကြသော အယ်လ်ယ်ဖာများမှာလည်း ၎င်းတို့၏ အလိုရမ္မက်များအား ထိန်းသိမ်းခြင်းငှာ မပြုနိုင်ကြသလို အယ်လ်ဖာတို့၏ အလိုရမ္မက်ကို အသုံးချရင်း ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်နှင့် လောဘသားကောင် ဘီတာများမှာလည်း အိုမီဂါတို့အား တစ်ဆင့်ခံဖမ်းဆီးရင်း အယ်လ်ဖာတို့အား ပြန်လည်ရောင်းချနေကြသည်မှာ မည်သို့မျှ ရပ်မည့်ပုံမပေါ်။ ချီမြို့တော်အတွင်း အိုမီဂါများအား လိင်ကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားမှုမှာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး တောတွင်းရှိ အိုမီဂါများမှာလည်း ပုန်းကွယ်ရာစားကျက်မြေ နည်းသထက်နည်းပါးလာနေတော့သည်။ သို့ပါသော်လည်း မည်သူက အိုမီဂါတို့၏ ဘဝအား စာနာနားလည်ပေးနိုင်ပါမည်နည်း။ ဝမ်းနည်းစရာကောင်းစွာပင် တစ်ဦးတစ်ယောက်မှပင် မရှိ။ တောတွင်းအမဲလိုက်ထွက်လေ့ရှိသော ဘီတာများ၏ ရန်မှ ကင်းဝေးစေရန်အတွက် မည်မျှပင် ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်နေစေကာမူ ညဘက်တွင် မီးပင်မဖိုရဲဘဲ မှောင်နှင့်မဲမဲ၌ အဝတ်ဟုမဆိုထိုက်သော အထည်များအား ကိုယ်ခန္ဓာ၌ အရှက်မပေါ်ရုံ လုံအောင် လွှမ်းခြုံရင်း အအေးဒဏ်အား အံတုကာ ငှက်ပျောရွက်၊ ဖက်ရွက်များခင်းထားသော မြေကြီးပေါ်၌ စိုးရိမ်စိတ်အပေါင်း သရဖူဆောင်းလျက်သာ အိပ်စက်ကြရပေတော့သည်။ ဤသည်မှာ ကောင်းခြင်းအဖြာဖြာတို့ဖြင့် ပြည့်စုံနေသော အိုမီဂါတို့၏ ဝဍ်ကျွေးတစ်ခုအလား။

You've reached the end of published parts.

⏰ Last updated: Dec 06, 2023 ⏰

Add this story to your Library to get notified about new parts!

HN (Hellishness)Where stories live. Discover now