73 - 74

2.3K 282 20
                                    

Chapter 73

တစ်ဖြည်းဖြည်းဖြင့် ရှောင်ကျားရှု၏ ဘက်တော်သားများမှာ လင်းလဲ့ယန်၏ အင်အားစုထက် များစွာ သာလွန်သွားတော့သည်။ လင်းလဲ့ယန်၏ သရုပ်ဆောင်မှုမှာ မကောင်းဟု မဆိုလို၊ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုက ခေတ်အကြိုက်နှင့် ပိုမိုကိုက်ညီနေခြင်းဖြစ်သည်။ Stenven Abel၏ ပရိသတ်အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြပြီး လူငယ်များမှာ အလှအပကိုသာ ပိုမိုသဘောကျကြပေသည်။ Love Chaser ကို သည်းထိတ်ရင်ဖို စွန့်စားခန်းအဖြစ် အသက်သွင်းပါလျှင် ပိုမိုပြီး နာမည်ကြီးလာနိုင်ကာ အမျိုးသား ကြည့်ရှုသူများကိုသာ အမျိုးသမီးကြည့်ရှုသူများကိုပါ အများအပြား ဆွဲဆောင်နိုင်မည်ဖြစ်သည်။

Blogger က မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းလိုက်သည့်အခါ မျက်နှာလှလှလေးကို အရူးအမူး စွဲလမ်းကြသူများကြောင့် ရှောင်ကျားရှု၏ မဲအရေအတွက်မှာ လင်းလဲ့ယန်ထက် သာလွန်သွား‌တော့သည်။ ရုပ်ရည်ချောမောသည့် စိတ္တဇ‌လူသတ်သမားမှာ သာမန်ရုပ်ရည်ပိုင်ရှင် စိတ္တဇလူသတ်သမားများထက် ပိုမိုဆွဲဆောင်မှု ရှိပေသည်။

သို့သော် ရှောင်ကျားရှုကမူ မကျေနပ်။ သူ့ကိုယ်သူ အရိုးသားဆုံး ပြန်မေးရပါလျှင် လင်းလဲ့ယန်က ပိုကောင်းသည်ဟု ခံစားနေမိသည်။ သူ၏ ဝင်းလက်နေသော အကြည့်တို့မှာ ဒုတိယစရိုက်ကို အပီအပြင် ထင်ဟပ်နေပြီး Stenven Abel ဖော်ပြချင်ခဲ့သည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ အပေါ်ယံမျက်နှာ၏ ဆွဲဆောင်နိုင်စွမ်း မဟုတ်၊ စာဖတ်သူ၏ ကြောက်လန့်စိတ်ကို ထင်ဟပ်အောင် ရေးသားထားခြင်းဖြစ်သည်။

ရှုံးပြီ အပြတ်အသတ်ကို ရှုံးသွားပြီ ...

ရှောင်ကျားရှုမှာလည်း လင်းလဲ့ယန်၏ သရုပ်ဆောင်မှုအောက် နစ်မြောသွားတော့သည်။  လက်ရှိ ပျံ့နှံ့နေသည့် ကောလဟာလများအကြောင်း တွေးကာ လှေကားနားသို့ သွားလျက် ဖုန်းဆက်လိုက်သည်။

"ဟယ်လို ဒါရိုက်တာဟူမင်လားမသိဘူး Love Chaser ရဲ့ အဓိကဇာတ်လိုက်နေရာက ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ထင်လို့ပါ ဒါရိုက်တာကြီးအနေနဲ့ တစ်ခြားတစ်ယောက်ကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ် လင်းလဲ့ယန် သရုပ်ဆောင်သွားတာက တော်တော်လေးကို ကောင်းတယ် ...

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now