115 - 116

1.4K 175 1
                                    

Chapter 115

"ရိုက်ကူးရေး ပြန်စတော့မယ် အားလုံးပဲ တောင်ပေါ်ကို ပြန်သွားပေးကြပါ ..."

နာရီဝက်နားမည်ဟု ပြောထားသည့်တိုင် နားချိန်မှာ ဆယ်မိနစ်ပင် မပြည့်သေးသည့်အတွက် အားလုံးက စောဒကတက်လိုကြသော်လည်း ရိုက်ကူးရေးအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရန် အခကြေးငွေ ယူထားပြီး ဖြစ်သည့်အတွက် တောင်ပေါ်တက်ရန်သာ အချင်းချင်း အားပေးလိုက်ကြတော့သည်။ ရိုက်ကူးရေး ပြန်လည်စတင်ပြီးနောက် ကျိမြန်၏ အရှိန်အဝါများ ပြောင်းလဲသွားကြောင်း အနီရောင်အသင်းသားအားလုံး သတိထားမိလိုက်ပေသည်။ မျက်မှောင်ကို အမြဲတမ်း တွန့်ထားကာ မျက်နှာထားမှာ ခက်ထန်နေပြီး စကားပြောသည်မှာလည်း တိုပြတ်ပြတ်ပင်။ သူ့စကားကို ကောင်းစွာ နားမထောင်ပါလျှင် အေးစက်သော အကြည့်တို့ဖြင့် စိုက်ကြည့်နေမည်ဖြစ်သည်။ ယခုလက်ရှိ သူ့ပုံစံမှာ အနီရောင်အဖွဲ့၏ အသင်းသားနှင့် မတူဘဲ ကိုယ်ရေးကိုယ်တာ ခံစားချက်အားလုံးကို စွန့်လွှတ်ထားသည့် ခေါင်းဆောင်တစ်ဦးနှင့်ပင် ပို၍ တူနေတော့သည်။

ယခင်ကမူ ဟွမ်ရင်ရွှယ်က လမ်းမလျှောက်နိုင်တော့ပါဟု နှစ်ခါသုံးခါ ငြီးငြူပြလာလျှင် တစ်ခဏမျှ အနားပေးမည် ဖြစ်သော်ငြား ယခုမူ မကြားဟန်သာ ဆောင်နေတော့သည်။ မြေပြင်အထက် နှစ်မီတာအကွာတွင် ရှိနေသည့် သစ်လုံးအိမ်ကို ညွှန်ပြလျက် နက်ရှိုင်းသည့် အသံဖြင့် မေးလိုက်သည်။

"ဒါက မင်းတို့ရွေးထားတဲ့ အခြေစိုက် စခန်းပေါ့ ဟုတ်လား ဘယ်လောက်မြင့်တာလဲ ဒီလိုအိမ်မျိုးကို သစ်လုံးအိမ်လို့ရော ခေါ်နိုင်တယ် ထင်လား ကြိုးပုခက်နဲ့တောင် ပိုတူနေသေးတယ် ကြိုးပုခက်ကမှ ဒီဟာထက် ပိုမြင့်လိမ့်ဦးမယ်  ..."

ယုပိုင်ရှို့က ပြန်ဖြေလိုက်သည်။

"ကပ္ပတိန် ဒါက ရှောင်ကျားရှု ရွေးခဲ့တာပါ သူပြောတာကတော့ ဒီအမြင့်လောက်က အနေတော်ပဲ တက်ဖို့ဆင်းဖို့လည်း အဆင်ပြေတယ်တဲ့ ..."

ကျိမြန်မှာ နားဝေတိမ်တောင် ဖြစ်သွားကာ အေးစက်နေသည့် မျက်နှာမှာလည်း ရုတ်ချည်း နူးညံ့သွားတော့သည်။ ရှောင်ကျားရှုသည် သူ(ကျိမြန်) ၏ အမြင့်ကြောက်ရောဂါအတွက် စဉ်းစားကာ ဤအမြင့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။ သို့သော် သူ့အရပ်သည်ပင် ၁၉၀ စင်တီမီတာကျော် ရှည်ရာ လေးငါးမီတာ အမြင့်အထိ ကောင်းစွာ ကိုင်တွယ်နိုင်ပေသည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now