141

1.1K 139 4
                                    

Chapter 141
Sue Xing NwayApril 18, 2023
Chapter 141





စကြဝဠာရဲ့ ဗဟိုချက်က ဘာလဲ ကျိကော သူ့ကို ကြည့်လိုက်တဲ့ အချိန်တိုင်း သူ့ကိုယ်သူ စကြဝဠာရဲ့ ဗဟိုချက်လို့ ခံစားမိပြီး သူ့ရဲ့ တည်ရှိမှုကလည်း ပိုပြီး သန်မာလာတယ်လို့ ခံစားရတယ် အလားတူပဲ သူ ကျိကောကို ချစ်မိတဲ့အခါ ကျိကောက သူ့စကြဝဠာရဲ့ ဗဟိုချက် ဖြစ်လာပြီးတော့ သူ့ကိုပဲ မြင်၊ သူ့ကိုပဲ နှလုံးသားထဲ ထည့်ပြီးတော့ အရာရာတိုင်းက သူ့အတွက်ပဲ တည်ရှိပေးနေတာမျိုး ...

နောက်တစ်ခန်းကို ဘယ်လို သရုပ်ဆောင်ရမလဲ သိသွားပြီကွ ...

ထိုသို့ တွေးလိုက်ပြီးနောက် ရှောင်ကျားရှုမှာ လက်သီးကို ဆုပ်ကာ လေထဲသို့ ဝှေ့ယမ်းလိုက်တော့သည်။

ကျိမြန်က ချက်ခြင်း ဘရိတ်ကို နင်းလျက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

"ရှောင်ရှု ခေါင်းကိုငုံ့လိုက် ..."

"ဘာလို့လဲ ..."

‌ရှောင်ကျားရှုက ခေါင်းကိုငုံ့ကာ ကားထဲရှိ ကျိမြန်ကို ငုံ့ကြည့်လိုက်သည်။

ကျိမြန်က အနားသို့‌ လျှောက်လာကာ သူ့ကို နမ်းလိုက်၏။ အကြည့်တို့မှာ နက်ရှိုင်းရီဝေဖွယ် ရွှင်မြူးမှုတို့ဖြင့် ပြည့်နှက်နေပေသည်။

ရှောင်ကျားရှုက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ သူ့ကို အမြန် ပြန်လည်နမ်းရှိုက်လိုက်သည်။ ယခင်ကတည်းက တောက်ပနေသည့် မျက်ဝန်းတို့မှာ ပိုမို၍ပင် ကြည်လင်တောက်ပလာတော့သည်။

ကျောက်ချွမ်က စကားပြောစက်ကို ကောက်ယူကာ အော်ဟစ်လိုက်သည်။

"ရိုက်ကွင်းမှာ အချစ်နာလန်ထနေလို့ မရပါဘူး မဟုတ်ရင် ဒေါ်လာတစ်ရာ ဒဏ်ကြေးကောက်မယ် ဟေး ဟိုနှစ်ယောက် ငါပြောနေတာ ကြားရဲ့လား ကားကို ငါ့ဘက် ပြန်ကွေ့လာခဲ့ ဒီလောင်ဇီက ဒေါသထွက်လွန်းလို့ သေတော့မယ်ကွ ..."

ရှောင်ကျားရှုက ကျိမြန်ကို အမြန် ပြန်နမ်းလိုက်ကာ ကျောကိုမတ်လျက် အော်ပြောလိုက်သည်။

"မင်းကို တစ်နေ့ ဒေါ်လာတစ်သောင်းပေးရင် လုံလောက်လား မလုံလောက်ရင်လည်း တစ်သိန်းအထိ တိုးလိုက် ပြီးမှ မင်းဘာသာမင်း ဘယ်နှကြိမ် ဒဏ်ကြေးဆောင်ရမှာလဲ တွက်ပြီးသာ ဖြတ်လိုက်တော့ ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Kde žijí příběhy. Začni objevovat