Chapter 133
Sue Xing NwayApril 15, 2023
Chapter 133"ရှောင်ကျားရှု မင်းလောင်ကုန်းကို ဒီနား လာခိုင်းလို့ ရပြီလား ငါ သူ့ကို ဒီအပိုင်းလေး ကြည့်ခိုင်းချင်လို့ ..."
လောင် လောင်ကုန်း ? ...
သနားစရာ ကောင်းနေဆဲဖြစ်သည့် ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး မီးခိုးငွေ့တို့ တလူလူ ထွက်လာကာ သော့ကို ဖွင့်ပြီးနောက် တီးတိုးပြောလိုက်တော့သည်။
"ဒါဆိုလည်း ခေါ်လိုက်လေ ..."
"ကျိကော ရှောင်ကျားရှုက ကောကို ဒီနားလာခဲ့တဲ့ ..."
ကျောက်ချွမ်က လှည့်ပင်မကြည့်ဘဲ အော်ပြောလိုက်သည်။
ထိုအခါမှ ကျိမြန်လည်း အနားသို့ တစ်ဖြည်းဖြည်း လျှောက်လာတော့၏။ လက်ကိုင်ပဝါကိုထုတ်ကာ ရှောင်ကျားရှု၏ မျက်နှာကို သုတ်ပေးပြီးကာမှ သူ့ကို ဆွဲခေါ်၍ မော်နီတာရှေ့တွင် အတူတူ ထိုင်လိုက်ကြသည်။ နှစ်ဦးလုံး၏ သရုပ်ဆောင်ချက်များမှာ အလွန်ကောင်းမွန်လှကာ ဟန်သုံအဖြစ် သရုပ်ဆောင်သည့် ဝူချွမ်းရီမှာ တိုက်ခိုက်မှုအပိုင်းတွင် ကျွမ်းကျင်လိမ္မာပြီး ရှုထျန်းယုအဖြစ် သရုပ်ဆောင်သော ရှောင်ကျားရှုမှာလည်း ကြောက်တတ်ရွံ့တတ် သတ္တိနည်းကာ သေမည်ကို လွန်စွာ ကြောက်ရွံ့သည့်သရုပ်အား ပီပြင်အောင် ဖော်ပြသွားနိုင်သည်။ နှစ်ဦးသား အတူတူ သရုပ်ဆောင်ကြသည့်အခါ အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည့် ဟာသပြကွက်တစ်ခု ဖြစ်လာတော့၏။
ရှောင်ကျားရှု၏ မျက်နှာမှာ ဇာတ်လမ်းတွဲများအတွက် လွန်စွာ သင့်လျော်လှသည့်တိုင် ကြောက်ရွံ့စိတ်နှင့် အလွန်အမင်း ရယ်ရွှင်ဖွယ် အမူအယာတို့ကိူ တပ်ဆင်လိုက်သည့်အခါ ကြည့်ရှုသူတို့ကို သန်မာလှသည့် ရယ်မောလိုစိတ်တစ်ရပ် ထွက်ပေါ်လာစေတော့သည်။ ၎င်းမှာ လမ်းပေါ်တွင် ခြေသလုံးအိမ်တိုင် သွားလာနေသည့် သူ့ဗီဒီယိုကို တင်ပြီးကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ ဘဝကို အလေးအနက် ဖြတ်သန်းနေခြင်း ဖြစ်သည့်တိုင် ပရိသတ်အတွက်မူ အမှန်တကယ် ရယ်ရွှင်ဖွယ်ကောင်းလှသည့် သရုပ်မျိုး ဆောင်ကြဉ်းနေပေသည်။ ဤသည်မှာလည်း ပါရမီဟု ယူဆရပေလိမ့်မည်။
YOU ARE READING
ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (IQ Team ကစာစဥ်တစ်ခုပါ) (Completed)
FantasyHow to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ သို့သော် အချို့မှာမူ စတင်တွေ့ဆုံစဉ်က သဘောကျမိသည့်တိုင် သိလေလေ ပိုပြီး နားလည်ရခက်သည်ဟ...