Chapter 46

7.7K 385 8
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 46

~ကိုယ်မြန်မာပြည်ရောက်ပြီ ခဏနေဆိုကိုယ် တရားရုံးတန်းလစ်ရမှာ~

သူမအိပ်ရာနိုးလာတော့ ဖုန်းကိုဖွင့်ကြည့်တယ်ဆို သူက မြန်မာပြည်ရောက်ပြီဆိုတာကို Messeng ပို့ထားတာကြောင့် သူမမှာလိုက်တာကို သေချာနားထောင်သားပဲဟု​တွေးမိသည်။စာကဒီတစ်ကြောင်းထဲတော့မဟုတ်.....

~ကိုယ်လေဆိပ်ကဆင်းတယ်ဆို နေလက်ရာ Hotel ကိုအရင်သွားမှာ အဲ့မှာဝင်ပြီး အဝတ်အစားလဲပြီးတာနဲ့ တရားရုံးတန်းလစ်ရမှာရမှာ ဒီမှာက 2 နာရီထိုးရုံးချိန်းတင်ပြီဆို 5နာရီလောက်ပြီးမယ်ထင်တာပဲ...ပဲရစ်နဲ့ကအချိန်က 4နာရီခွဲလောက်ကွာတယ် အဲ့တာပြီးတာနဲ့ကိုယ်ဆက်သွယ်လိုက်မယ်~

~ကိုယ်မရှိဘူးဆိုပြီးအစားမှန်မှန်မစားပဲမနေနဲ့နော်~

ဆိုကာ သူဘာလုပ်မယ်ဆိုတာရော ဆက်သွယ်မဲ့ အချိန်အတိအကျပါထည့်ပြောထားသည်။ပြီးတော့ သူမကိုပါဂရုစိုက်ဖို့ပြောနေတဲ့ သူကြောင့် သူပို့ထားတဲ့စာလေးတွေကြည့်ကာ အိပ်ယာပေါ်မှာပဲ လူးလိမ့်နေမိသည်။

အခုခေတ်ထဲမှာဆို အိမ်ထောင်ကျတဲ့အထဲသူမကကံကောင်းတဲ့မိန်းကလေးထဲပါတာတော့သေချာသည်။အခုခေတ်မှာက အိမ်ထောင်တစ်ခုတည်တောင်ပြီဆို စညားကာစတာ ပျော်နေရပင်မဲ့ တစ်နှစ်လောက်ကြာသွားရင် ယောကျာ်းတစ်ချိူ့ကပြောင်းလဲလာရော ဆိုတာသူမကို မေကြီးတို့ကဆုံးမဖူးသလို ကိုယ်တိုင်လည်းလက်တွေ့ရော oline ပေါ်မှာပါ မြင်ဖူးသည်။ယောကျာ်းလေတစ်ယောက်က ကိုယ်ချစ်လို့ယူထားတဲ့ မိန်းကလေးတစ်ယောက်ကို ရိုက်နက်တွေက အခုခေတ်ဆို သမီးရည်းစားဘဝမှာတောင်တွေ့နေကြရတာ။တကယ်တော့လေ မိန်းကလေးတွေဆိုတာက ကိုယ့်ထက်အားနည်းတဲ့သူတွေပါ ဘာလို့ယောကျာ်းရင့်မာကြီးတစ်ယောက်က ရိုက်နက်ညှင်းပန်းရတာလဲ။

အပြင်မှာအသစ်တွေ့လို့ဖြစ်ဖြစ် ဒါမှမဟုတ် အိမ်ကကိုယ့်ဇနီးကို မပေါင်းချင်တော့ရင် ရိုက်နက်ပြီး စိတ်ကုန်အောင်လုပ်မဲ့အစား တခြားနည်းတွေရှိပါတယ်လေ။
သူမအတွက်ကတော့ သူ့ကိုယူလိုက်ရတာက ချစ်လို့မဟုတ်ပင်မဲ့လည်း သူလို့ အမေလို့ အစ်မလို့ကိုယ်ခြင်းစာတက်တဲ့ ယောကျာ်းမျိူးရတာတော့ ကျေနပ်တာအမှန်ပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now