Chapter 47

8.3K 445 16
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 47

"အဟား ယောကျာ်းနိုင်နည်းဆိုပဲ ဖတ်ကြည့်ဦးမှ"

ဆောင်း FB သုံးရင်းသူမက wattpad တို့မှာသူမသဘောကျတဲ့ author အချိူ့ကို Follow ထားသလို FB မှာပါ Follow ထားတာကြောင့် တက်လာတဲ့စာကို ဖတ်ပြီး အဲ့ post အောက်က ယောကျာ်းနိုင်တဲ့လူတွေရော ကြောက်ကတဲ့လူတွေပါ comment မှစုဝေးနေသည်။

Comment ကစာတွေဖတ်ရင်း အူတွေနာရသလို တစ်ချိူ့ comment လေးတွေကတကယ် သနားဖို့ကောင်းသည်။ယောကျာ်းရဲ့ ရိုက်ပုတ်တာတွေကို နေ့စဥ်နှင့်အမျှခံစားနေရတာတွေကို ပါရင်ဖွင့်ထားတော့ ကိုယ်အိမ်ထောင်ရေးကိုတော့ သဘောကျမိသား။

~ယောကျာ်းကောင်းတစ်ယောက်ကို ရွေးမယ်ဆို ကိုယ်ချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့ယောကျာ်းလေးတွေကိုသာ မိန်းကလေးတွေအနေနဲ့ ရွေးချယ်သင့်တယ်ထင်ပါတယ်။ကိုယ်ချစ်တဲ့ ယောကျာ်းယူပြီး ရိုက်ပုတ်ခံနေရမဲ့အစား ကိုယ်ကိုတန်ဖိုးထားတဲ့သူလက်ထဲပျော်ပျော်နေပစ်လိုက်တာ မိန်းကလေးတွေအတွက်ပိုကောင်းတာကို 100ရာခိုင်းနှုန်းပဲ။

ဘာလို့ဆို ကိုယ်တိုင်လည်းအချစ်ခံနေရလို့လေ❣️

ကိုယ့်ကိုချစ်တဲ့သူရွေးတော့လည်း အသက်တအားကြီးတာကြီးမရွေးနဲ့ ကိုယ်အဖေထက်ကြီးတာကြီးရွေးမိလို့ ကိုယ့်အဖေကပြန်ပြီး အဖေခေါ်နေရလိမ့်မယ်။အတက်နိုင်ဆုံးရွေးရင် ကိုကိုတွေ ကိုကြီးတွေ ရွေး။ ~

ဆိုကာ သူမက comment ဝင်မန့်လိုက်သည်။ဟုတ်တယ်လေ သူမတို့စလက်ထပ်တုန်းက မှားယွင်းမူကြောင့်ဆိုပင်မဲ့ သူမကခေတ်ပညာတက် ဆရာဝန်တစ်ယောက် ကိုယ်ဝန်မရအောင် တားနိုင်တဲ့နည်းလမ်းတွေရှိရဲ့သားနဲ့ သူ့စေရာကို လက်ထပ်ခဲ့တာမဟုတ်လား။

သူနဲ့မတွေ့ခဲ့ပဲ ပညာသင်ပြီးမြန်မာပြည်ပြန်တဲ့အခါ ကိုယ်ချစ်တဲ့သူရှာရင်တောင် သူလောက်သူမကို ချစ်ပေးနိုင်မလားဆိုတာမသေချာ။အခု သူမရွေးချယ်လိုက်တဲ့လမ်းက မှန်ကန်တာကြောင့် ဆိုးချင်တိုင်းဆိုးလို့ရသလို သူမဘာပြောပြော သူမမှားနေရင်တောင် သူဘက်ကအမှားသတ်မှတ်ကာ တောင်းပန်တဲ့လူမျိူး။သူမ Comment မန့်ပြီး သူ့စေရာအကြောင်း တွေးနေရာက သူမမန့်ထားတဲ့ comment မှာ React ပေးထားတဲ့အထဲလက်မကတော့များပင်မဲ့ အသဲရော ဟဟပေးတာရောပါသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now