Chapter 49

8K 371 5
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 49

"အမှုကိစ္စတစ်ခုလုံးကို ပြီးတဲ့အထိတာဝန်ယူပေးတဲ့အတွက် ကျေးဇူးကွာ....မင်းကိုလည်း ကိုယ်ချင်းစာတယ် တစ်ဖက်ကလည်း မိန်းမမှာကမပေါ့မပါးဆိုတော့ ပြန်ချင်မှာပေါ့"

အမှုကဒီနေ့နောက်ဆုံးဖြစ်တဲ့အပြင် အပြစ်ရှိတဲ့သူတွေကို အပြစ်ချလိုက်နိုင်တာမို့ ကိုနေ နဲ့ သူ့ Company မှာစကားပြောနေကြခြင်း။ကိုနေက သူ့ကိုယ်အားနာသလိုပြောလာတော့....

"ကိုနေ မို့ကျွန်တော်အမှုလက်ခံတာပင်မဲ့ ကိုနေပြောတုန်းက သူမမှာမပေါ့မပါးနဲ့မှမဟုတ်တာ အားနာစရာမလိုပါဘူး ကျွန်တော်ဒီအခြေအနေထိရပ်တည်နိုင်အောင် အစ်ကိုကူညီခဲ့တာလေ"

"ဘာမဟုတ်တာလေးကိုကွာ ကျေးဇူးတရားလို့မှတ်မနေပါနဲ့ မင်းကတကယ်အရည်အချင်းရှိတယ် မင်းလို Type မျိူးက တကယ်မိန်းကလေးတွေ ကြွေလောက်တယ်"

ကိုနေက သူ့ကိုကြည့်ကာချီးကျူးနေတာကြောင့် သူခေါင်းရမ်းလိုက်သည်။ဒီကမ္ဘာပေါ်မှာ သူကိုချစ်တာမပြောတဲ့ မိန်းကလေးရှိပါသေးသည်။အဲ့တာကတော့ သူရဲ့ချစ်ဇနီးလေးပေါ့။

"ဘယ်မိန်းကလေးမျက်လုံးထဲ ကျွန်တော်ကဘာကောင်ကြီးပဲဖြစ်နေပါစေ ပူတူးမျက်လုံးတဲ့ ကျွန်တော်က အားကိုးရာဖြစ်နေဖို့ပဲလိုတာ"

"မိန်းကလေးတော်တော်များများအတွေးထဲမှာ ယောကျာ်းလေးတွေကလူယုတ်မာ တာဝန်မယူတက်ဘူး ပေါ့ကွာ....အဲ့တာကလည်း သူ့တို့မိန်းကလေးတွေအတွေးက မှန်တယ်လို့ပဲ အစ်ကိုမြင်တယ်"

"ဒါပေါ့ ကိုနေရာ တစ်ခြားကျွန်တော်တို့နေတဲ့ ပဲရစ်လိုနေရာမျိူးမှာတော့ ချစ်သူသမီးရည်းစားအတူနေတာက ထူးဆန်းတဲ့ကိစ္စမဟုတ်သလို သူတို့ခြင်းမညားပဲ တစ်ခြားတစ်ယောက်ယူတာတောင် မပျိူစစ်ခြင်း မစစ်ခြင်းကို သိပ်အာရုံမထားကြဘူး"

သူပြောတဲ့အဓိပ္ပာယ်ကိုနားလည်းစွာ​ပြောလာတဲ့ သူ့စေရာကြောင့် ခေါင်းငြိမ့်ပြီး သူဆက်ပြောတကို သူဆုံလည်ခုံကိုမှီကာဆက်နားထောင်နေလိုက်သည်။

"ကျွန်တော်မွေးရပ်ဇာတိမဟုတ်ပင်မဲ့ ဒီနိုင်ငံမှာက မိန်းကလေးတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့ အိပ်မိတာ နဲ့ အဲ့မိန်းကလေးဘဝရေစုန်မျောရတာကြီးကို ကျွန်တော်တကယ်သဘောမကျသဘူး.... မိန်းကလေးတွေရဲ့ ယောကျာ်းလေးတွေအမြင် ဒီလိုဆိုးနေတာ ကိုယ်လုပ်တာကိုယ်တာဝန်ယူမူမရှိတဲ့ ယောကျာ်းတွေကြောင့်ရော ယောကျာ်းတစ်ယောက်နဲ့ အိပ်မိရင် အပြစ်ပြောတဲ့ ပတ်ဝနကျင်ကြောင့်ရောပေါ့"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now