//1//

27.7K 935 40
                                    

Zg//

အလင်း​ရောင်​က မှိန်​မှိန်​ပြပြ...။

ရောင်​စုံမီး​ရောင်​များက ပြိုးပြိုးပျက်​ပျက်​...။

အ​​ရောင်​​သွေးစုံလင်​လှ​သော လူငယ်​လူရွယ်​တစ်​ချို့သည်​ ​တေးသွားသံစဉ်​အလိုက်​ ခန္ဓာကိုယ်​အား လှုပ်​ယမ်းကာ မြူးထူးလျှက်​ရှိသည်​...။

အဆင်းလှ​သော မိန်းမပျိုတို့၏ အကြည့်​များသည်​ မီး​ရောင်​စုံများ ခပ်​မှိန်​မှိန်​ကျ​ရောက်​​နေ​သော ​ထောင့်​ဆုံးဝိုင်းသို့ ရန်​ဖန်​ရန်​ခါကျ​ရောက်​​နေ၏...။

လှောင်​​ထေ့​ထေ့အကြည့်​များအား ထုတ်​လွှင့်​တတ်​သည့်​ အမျိုးသားငယ်​တစ်​ဦး။ အသက်​အားဖြင့်​ ၁၇/၁၈​လောက်​သာ ရှိမည်​...။...ပြုံးရိပ်​သန်း​နေသည့်​ နှုတ်​ခမ်းတစ်​စုံက မထီဟန်​ အပြည့်​...။...အနက်​​ရောင်​ကိုသာ ဆင်​ယင်​ထား​သော ထိုအမျိုးသားငယ်​သည်​ အနက်​​ရောင်​ t-shirtေ​ပ်ါတွင်​ jacket အနက်​​ရောင်​အား ၀တ်​ဆင်​ထားသည်​။ ​ယောက်​ကျားမာန်​ပြည့်​ဝ​သော လည်​စလုတ်​အား ဖုံးကွယ်​သည့်​အလို့ငှါ ပန်း​ရောင်​နုနုလက်​ကိုင်​ပုဝါဖြင့်​ လည်​တိုင်​အား ခပ်​​လျော့​လျော့စည်း​နှောင်​ထားသည်​...။

ထိုလူငယ်​၏ အ​ရှေ့တွင်​​တော့ ပေါင်လည်​​လောက်သာရှိ​သော အနီရဲရဲdress ​အား ၀တ်​ဆင်​ထား​သော အမျိုးသမီးငယ်​တစ်​ဦးသည်​ ပြို​တော့မည့်​မိုးပမာ ထိုအမျိုးသားငယ်​အား ညိုးငယ်​စွာ ကြည့်​​နေ​လေ၏...။

"ကမ္ဘာ...ရတီ ​တောင်းပန်​ပါတယ်​၊ ခုလိုမစပါနဲ့..."

"အဟက်​!!"

ချောက်​ကပ်​ကပ်​ရယ်​သံနှင့်​ ​လှောင်​ရိပ်​သန်းသည့်​ မျက်​၀န်းနက်​နက်​တို့သည်​ ပျင်းတိပျင်းရွဲဖြစ်​​နေတာ​တောင်​ လွန်​စွာကြည့်​​ကောင်းလှသည်​...။

"ငါ့မှာ မင်းကို ကျီစယ်​​နေဖို့ အချိန်​မရှိ​ဘူး။ မင်းနဲ့တွဲရတာ ပျင်းသွားပြီမို့ လစ်​လိုက်​​တော့..."

ထိုမျှသာ​ပြောပြီး Alcohol 16%သာ ပါ​သော ၀ိုင်​အား အရသာခံ​သောက်​​နေလိုက်​သည်​။ ထိုလူငယ်​၏ အမည်​သည်​ သင့်​ကမ္ဘာမင်း ဖြစ်​သည်​။ အသက်​မှာ ၁၈နှစ်​ဖြစ်​ပြီး Architecture major second year​ဖြေထား​လေ၏...။...၁၀နှစ်​​ကျော်​အရွယ်​ထဲကစ၍ ယခုအချိန်​ထိ မြာ​ပွေသည်​ဟု လူသိများသည့်​ ထို​ကောင်​​လေး၏ သတင်းသည်​ ဟိုး​လေးတ​ကြော်​​ကြော်​ ​မွေးလှ​ပေမယ့်​ မိန်းမပျိုများသည်​ ထို​ကောင်ငယ်ေ​လး၏ စက်​ကွင်းမှမလွတ်​နိုင်​ကြ​ချေ...။...ဥစ္စာပစ္စည်း၊ ပညာအရည်​အချင်း​ဘေးဖယ်​ထား ရုပ်​ရည်​နဲ့တင်​ ထိုအမျိုးသားငယ်​ ​ခြေဖ၀ါး​အောက်​ ၀ပ်​ဆင်း​ပေးချင်​ကြသူများသာ ဖြစ်​သည်​...။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Hikayelerin yaşadığı yer. Şimdi keşfedin