//4//

9.7K 518 17
                                    

Zg//

ဖြောင့်​စင်း​နေ​သော ​ခြေတံရှည်​တို့သည်​ ​​မြန်​ဆန်​စွာ လှမ်း​နေပြီး ​ခြေလှမ်းတိုင်းတွင်​ ​ဒေါ​တွေပါ​နေ၏...။

ဝဠာ တံခါးအား ခပ်​ကြမ်းကြမ်းတွန်းဖွင့်​ပြီး ရုံးခန်းထဲသို့ ၀င်​လာခဲ့၏...။...အသက်​၁၈နှစ်​နှင့်​ အား​လျော်​စွာ ရှည်​လျှား​သောအရပ်​ကြီးနှင့်​ ထွားကြိုင်း​သော ခန္ဓာကိုယ်​အချိုးအစားက အသက်​ရှူးမှားဖွယ်​ရာ...။...​ဒေါသ​ကြောင့်​ ဖြစ်​တည်​လာ​သော အသက်ရှူနှုန်း ပြင်းပြင်း၊ တင်းကြပ်​လာ​သော ရင်​အစုံ​ကြောင့်​ ၀ဠာ အ​ပေါ်ကုတ်​အား အားပါပါဆွဲချွတ်​လိုက်​ပြီး အခန်းတွင်းsofa​ပေါ်သို့် အားနှင့်​​ပစ်​​ပေါက်​လိုက်​၏...။

ခါးအား လက်​​တစ်​ဖက်​ဖြင့်​​ ​ထောက်​ထားပြီး ကျန်​လက်​တစ်​ဖက်​ဖြင့်​ မျက်​နှာအနှံ့အား ပွတ်​သပ်​ကာ...​လေပူ​တွေအား မှုတ်​ထုတ်​နေ၏...။...​ဒေါသအား ​ဖြေ​လျှော့​နေ​ပေမယ့်​ ကြုံလာရတဲ့ မြင်​ကွင်း​ကြောင့်​ စိတ်​​ဖြေဖို့ရာ ခက်​ခဲ​နေသည်​...။

ဝဠာအား ​ဒေါသ​ထွက်​​စေ​သော အ​ကြောင်းအရင်းမှာ အလုပ်​သို့အလာတွင်​ ​နေ့စဉ်​လိုက်​ပါလာ​သော ကားတစ်​စီးသည်​ ယ​နေ့မနက်​တွင်​ပါမလာ​...။...​တွေ့​နေကြအရာတစ်​ခုမှာ ချက်​ချင်း​ပျောက်​ကွယ်​သွား​တော့ ၀ဠာမှာ မ​နေတတ်​မထိုင်​တတ်​နှင့်​...။... ​စိတ်​အလိုအားလိုက်​ပြီး ​နောက်​မှလိုက်​တတ်​သည့်​ ကားပိုင်​ရှင်​အား စား​သောက်​ဆိုင်တွင်​ လာရှာမိ၏...။...စ​နေ​နေ့ညဘက်​သာ လာသည်​လို့ လက်​​ထောက်​က​ပြောထား​ပေမယ့်​ ၀ဠာ​တွေ့လို​တွေ့ငြား...တကယ်​လည်း​တွေ့ခဲ့ပါ​သော်​လည်း  သူတစ်​​ယောက်​တည်း​တော့မဟုတ်​...။...ထိုညက ​ဒေါ်ထိပ်​ထားမြတ်​နှင့်​အတူရှိ​နေသည့်​ အသက်​၃၀အရွယ်​ အမျိုးသားနှင့်​အတူ...။

ထိုလူနှင့်​xoraသည်​ ဆိုင်​​ရှေ့လူမြင်​ကွင်းတွင်​ မတ်​တပ်​ရပ်​လျှက်​​တွေ့​နေကြပြီး ထိုလူ၏ အကြည့်​များထဲတွင်​ အလိုလိုက်​ခြင်းနှင့်​ နူးညံ့ခြင်းများအား ​တွေ့​နေရသည်​...။

ထိုအမျိုးသားသည်​ xora(ဇိုရာ)၏ ​ခေါင်းအား တစ်​ချက်​ပုတ်​လိုက်​ပြီး ​ငွေအထပ်​လိုက်​​ပေး​နေသည့်​ မြင်​ကွင်း...။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now