//2//

13.5K 820 84
                                    

Zg//

city mallတစ်​ခုထဲရှိcoffee shopတစ်​ခုထဲတွင်​ဖြစ်​သည်​။

ဝဠာ လက်​၀က်​ရတနာဒီဇိုင်းဆွဲသည့်​ designerအား ​ထိုင်​​စောင့်​​နေတာ ယခုဆို ၁၅မိနစ်​တိတိရှိပြီဖြစ်​သည်​...။...အချိန်​ရ​ပေ​မယ့်​ ​ဇေ​သော်​ဖုန်းဘွဲ့အားကြည့်​ရန်​ ​ဆေးရုံလည်းသွားရဦးမည်​ဖြစ်​တာ​ကြောင့်​ ၀ဠာ စိတ်​ကသိပ်​မရှည်​ချင်​​တော့။ နာရီဝက်​တိတိ​စောင့်​​ပေးမည်​။ မလာပါက ​နောင်​ထိုလူနှင့်​ မည်​သည့်​အလုပ်​မှ တွဲမလုပ်​ဖို့ ဆုံးဖြတ်​ချက်​ချလို်​က်​၏...။

နာရီဝက်​တိတိသာ ပြည့်​သွားသည်​။ designerမလာသဖြင့်​ ၀ဠာ​ဒေါသ​တောင်​ ထွက်​မိ၏...။...အချိန်​မတိကျသူမှာ second chanceဆိုတာ မရှိဘူးဟု daddy​ပြောထားတာ​ကြောင့်​ ​နောက်​​နောင်​ ထိုလူနှင့်​ ၀ဠာအလုပ်​တွဲလုပ်​မည်​မဟုတ်​​တော့...။

"​ဟေ့လူ...ခင်​ဗျားက twin stars က သင့်​ကမ္ဘာမင်းမလား..."

ဝဠာ ထပြန်​ဖို့ ပြင်​ချိန်​ size ပွ T shirtအဖြူစွပ်​စွပ်​နှင့်​ ​ပေါင်​လည်​​လောက်​ရှိ​သော style pantအဖြူ​ရောင်​အား တွဲဝတ်​ထား​သော မိန်းခ​လေး...။...​ပြောလာသည့်​စကာကြောင့်​လည်း ၀ဠာမျက်​ခုံးပင့်​မိ၏...။..ပုံစံက...မိန်းခ​လေးေ​တာ့မဟုတ်​နိင်​...။...အရမ်းကနွဲ့ကလျ ဖြစ်​​နေတာမျိုးမဟုတ်​ပဲ ​ယောက်​ကျားမျက်​နှာကျလို ​မေးရိုးသွယ်​သွယ်​​တွေနဲ့...။...​သေချာကြည့်​ရင်​​တော့ ယောက်​ကျား​လေးဖြစ်​နိုင်​သည်​...။

ကျောလည်​​လောက်​ရှိ​သော ဆံပင်​ပွ​ယောင်း​ယောင်းတို့ကို မိန်းခ​လေး​တွေအညှပ်​များသည့်​ စတပ်​(step)​ကေ ညှပ်​ထားပြီး ​ရွှေအို​ရောင်​ဆံနွယ်​တို့အား ပန်းခရမ်း​ရောင်​ highlight  ​ဖောက်​ထား​လေသည်​...။...စမြိတ်​မကျ အလယ်​ခွဲမ​ရောက်​​သော ​ရှေ့ဆံစတို့သည်​ ထိုတစ်​​ယောက်​၏ မျက်​ခုံးတန်းလှလှနှင့်​ ဆွဲ​ဆောင်​မူရှိ​သော မျက်​၀န်းတို့အား ဖုံးကွယ်​ထားလုလု...။

ခပ်​​သေး​သေးလည်​စလုတ်​နှင့်​ ညှပ်​ရိုး​ပြေ​ပြေက ​တော်​ရုံလူဆို အသက်​ရှူပင်​မှားမည်​...။...အရမ်းမိန်းမဆန်​​နေတာမျိုးမဟုတ်​တဲ့ မျက်​နှာကျမှာ ကြည်​လင်​​ဖွေးသန့်​​နေ၏...။...​ပေါင်​တံသွယ်​သွယ်​​တွေနှင့်​ ​ခြေချင်းဝတ်​ကခပ်​​သေး​သေး...။...shoe ဖိနပ်​အဖြူစွပ်​စွပ်​ကလည်း ​သူနှင့်​လိုက်​ဖက်​သည်​...။

No one but you(မင်းမှမင်းပဲ)Season2[ongoing]Tempat cerita menjadi hidup. Temukan sekarang