//9//

9K 362 46
                                    

Zg//

ကမ္ဘာ အ၀တ်​တစ်​ချို့အား ကျွန်းဗီရိုထဲသို့ ထည့်​လိုက်​ပြီး အကို့ luggageထဲရှိ အရာဝတ္ထုတို့အား သိမ်းဆည်းရန်​ လုပ်​ရ၏...။...ကမ္ဘာတို့ပြင်​ဦးလွင်​သို့ ​ရောက်​​ရောက်​ချင်း daddy၀ယ်​ထားသည့်​ ​​ဒေစီခင်းပါသည့်​ အိမ်​သို့အရင်​သွားရသည်​...။...ပြီးမှ အကို့တွင်​ ၀တ်​စရာအင်္ကျီမပါဘူးဆိုသည့်​​ကြောင့်​ ​မြို့မ​ဈေးသို့ တစ်​​ခေါက်​ပြန်​သွားပြီး အ၀တ်​အစားနှင့်​ ညစာအတွက်​ ၀ယ်​ခြမ်းကာ အိမ်​သို့ ပြန်​လာခဲ့ကြ၏...။

အကို့အိတ်​ထဲရှိ ​ရောင်​စုံစာရွက်​​တွေကို​တော့ ကမ္ဘာ ကုတင်​​ဘေးရှိ ကျွန်​စား​ရေးစားပွဲ​ပေါ်သို့ တင်ထားလိုက်​၏...။...အကို့ luggage ထဲတွင်​ ​ရောင်​စုံA4စာရွက်​​တွေအပြင်​ plastic boxအ၀ါ​ရောင်​​လေးလည်း ရှိသည်​...။...အပြင်​က​နေကြည့်​ရသ​လောက်​က​တော့ အထဲတွင်​ စာရွက်​​တွေပဲဖြစ်​ရမည်​...။...ထိုဘူးကို​တော့ ကမ္ဘာကုတင်​​ပေါ်တွင်​သာ တင်​ထားလိုက်​သည်​...။...box​လေးက သိပ်​မကြီး​တာ​ကြောင့်​ luggage အ​သေးစား​လေးထဲ ထည့်​လို့ဆန့်​၏...။...ထိုbox​ဘေး​တွင်​​တော့ ဖန်​ပုလင်း​လေးနှင့်​ အ၀ါ​ရောင်​သီးသန့်​ရှိသည့်​ စက္ကူကြယ်​ဘူး​လေးကို ​တွေ့ရ၏...။...

ကမ္ဘာ ကုတင်​​ပေါ်တွင်​ထိုင်​ရင်း ပြုံးလိုက်​မိသည်​...။...အကို့အတွက်​ စိတ်​​ပျော်​​စေတဲ့ အရာမှန်​သမျှ ထည့်​လာခဲ့လို့ ​ပြောထားတာ​ကြောင့်​ အကိုသည်​ သူ့စိတ်​ထဲတွင်​ ​ပျော်စရာဟု သတ်​မှတ်​ထားသည့်​ A4စာရွက်​​တွေကို ထည့်​လာခဲ့ပုံ​ပေါ်၏...။...ရိုးရှင်း​သော အကို့ဘ၀ကို ကမ္ဘာကဆန်းကြယ်​မူ​တွေကို ယူလာခဲ့မိပြီထင်​သည်​...။...အဖြူ​ရောင်​အလွှာ​လေး​ပေါ်မှာ အ​ရောင်​အ​သွေးစုံလင်​​သော စုတ်​ချက်​​တွေကို ဖန်​တီးပြီး အလှဆုံးပုံ​ဖော်​ရမည်​...။

မိသားစု ထိုးနှက်​ချက်​ကို​တော့ အကိုခံရဦးမည်​ထင်​သည်​...။...မိဘဆိုတဲ့ ​နေရာက​​နေပြီး သားသမီးထက် အတ္တကိုသာ ​ရှေ့တန်းတင်​ထားတဲ့ အကို့အသိုင်းအ၀ိုင်းကို ကမ္ဘာတို့ အတူရင်​ဆိုင်​ရဦးမည်​...။...daddyကိုယ်​တိုင်​ ဖုန်းဆက်​ပြီး ညှိရင်​ အဆင်​​တော့​ပြေမည်​ဆို​ပေမယ့်​ အကို စိတ်​ထဲတွင်​​တော့ သိမ်​ငယ်​​နေဦးမှာပင်​...။...​ပြင်​ဦးလွင်​လာတဲ့ လမ်းတစ်​​လျှောက်​လုံး သက်​ပျင်း​တွေ တွင်​တွင်​ချရင်း စိတ်​​မော​နေ​သော အကိုက မ​မေလှိုင်းမခကိုလည်း အားနာ​​နေပုံ​ပေါ်၏...။

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now