Chapter 50

8.8K 410 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 50

H ကိုကြည့်ပြီး H ရှိရာအခန်းထဲကပြန်ထွက်လာပြီး အိပ်ချင်စိတ်မရှိသေးတာကြောင့် သူ့အလုပ်အခန်းထဲဝင်လာလိုက်သည်။သူ့အလုပ်ခန်းထဲရောက်တယ်ဆို သူ့အလုပ်ခုံမှာဝင်ထိုင်ရင် အနောက်ကိုမှီကာ ခြေထောက်ကိုစားပွဲပေါ်တင်ကာ သူလုပ်ရမဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ရမှာတွေကိုတွေးနေမိသည်။

သူပူတူးကိုပြောဖူးသလိုကဲ ပူတူးဗိုက်ထဲက သူ့ရင်သွေးလေးတွေကိုတော့ သူလိုရှေ့နေတစ်ယောက်ဘယ်တော့မှလုပ်ခိုင်းမှာမဟုတ်ဘူးဆိုတာ အသေအချာပင်။သူ Law တက်ခဲ့တယ်ဆိုတာကလည်း ကိုယ့်ကိုကိုယ်ယုံကြည်ချက်နဲ့ အားနည်းချက်မရှိတာကြောင့် ရွေးဖြစ်ခြင်းပင်။

အခုတော့ သူမအားနည်းချက်ရှိလာပြီ။ထိုအားနည်းချက်က သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲနိုင်တာမို့ သူမကိုတစ်ခုခုအဖြစ်မခံနိုင်။မိသားစုဆိုတဲ့ဘဝဆိုတာ သူအတွက်မရှိခဲ့တာမို့ သူမလေးကို ကာကွယ်ဖို့ကို ထိပ်ဆုံးကထားပြီးစဥ်းစားရသည်။

"ငါလုပ်တဲ့ လုပ်ဆောင်မူတိုင်းကဘာလို့ သူမကို သက်ရောက်နေရတာလဲ....မင်းနဲ့သာတွေ့မယ်ဆိုတာသိခဲ့ရင် ဒီ Law ကို သင်ဖို့နေနေသာသာ စာအုပ်တောင်မကိုင်ပါဘူး ပူတူးရာ"

သူကိုသူ မေးခွန်းထုတ်ရင်း မကြာခင်ရင်ဆိုင်ရမဲ့ ပြဿနာကြီးအတွက် သူမကို ရတက်မအေးရဖြစ်နေရတဲ့သူ့အဖြစ်။ရှေ့နေလုပ်သက်တစ်လျှောက်လုံး တက်ကြွစွာလုပ်ခဲ့တာ ပူတူးကို လက်ထပ်ပြီးကတည်းက သူအားနည်းချက်ရှိလာရသည်။Jack တို့ကလည်း ပူတူးက သူ့အားနည်းချက်သိသည်။

Mine တွေးရင်းက သူအကြံတစ်ခုရသွားရသည်။jack ကိုလုပ်ချင်တိုင်းလုပ်လို့ရဖို့အတွက်ရော ပူတူးကိုကာကွယ်ဖို့အတွက်ပါ သူနည်းလမ်းရပြီ။

"စေညွှန်းရာ"

သူနဲ့ သူတဲ့လူက အခုလိုအချိန်မှာပေါ်လာတာ သူအတွက် နောက်ထပ်အားသာချက်တစ်ခုပဲဆိုတာကို Mine သိသည်။သူ့ကိုသာ အသုံးချမယ်ဆိုရင် jack တို့ကိုလှည့်စားဖို့က ပိုလွယ်ပြီး ထိခိုက်ဒဏ်ရာရတာလည်း ပိုနည်းလိမ့်မယ်လို့သူထင်သည်။ဒါဆိုရင် မနက်ဖြန်ကြရင် ပူတူးကို စေညွန်းရာအကြောင်းမေးရမည်.......။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now