1🌻

850 38 7
                                    

အနောက်တိုင်းဝတ်စုံနှင့်လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်ယောက် တစ်ယောက်မှာ လှပသောအပြုံးတွေပြုံးထားလျက် နောက်တစ်ယောက်မှာ အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကာစိတ်မပါစွာဖြင့်။

"Gem နည်းနည်းလောက်ပြုံးထားပေးပါလား"

"ပြုံးတယ်ဆိုတာ စိတ်ပျော်ရွှင်မှပြုံးလို့ရတာ ခုငါ့ပုံစံက ပျော်နေပုံပေါက်နေလို့လား"

Fourthလဲ gemစကားကြောင့်ဘာမှပြန်မပြောဖြစ်ခဲ့ ဧည့်သည်တွေကိုသာ အားနားစွာကြည့်ပြီး

"တောင်းပန်ပါတယ်ဗျ ကျွန်တော့်အမျိုးသားက စကားနည်းလို့ပါ"

Fourthလဲ ဧည့်သည်တွေကိုနှုတ်ဆက်လိုက် သူ့အမျိုးသားနဲ့မိတ်ဆက်ပေးလိုက်နဲ့ အတော်လေးပင်ပန်းနေပြီး။Gemကတော့ fourthဘေးတွင်ရှိနေမဲ့ fourthကိုရှိတယ်လို့တောင်မထင်။

"Gem.."

ခေါ်သံကြောင့် Geminiရောfourthပါလှည့်ကြည့်လာ​သည်။

"မ"

"ဟင့် မောင် မင်းအရမ်းရက်စက်တယ် မ မှာတော့မောင့်ကိုချစ်လိုက်ရတာ ဟင့်.." Gemရဲ့ ရင်ဘတ်ကို ထုရိုက်စွာပြောလာတဲ့ အစ်မမွတ်

"မ မောင် တောင်းပန်ပါတယ် "လို့ပြောပြီး ကျွန်တော့ဘက်လှည့်ကာ

"အားလုံးမင်းကြောင့်ဖြစ်ရတာ fourth Nattawat မင်းကြောင့်ပဲ"

ကျွန်တော်နားမလည်တော့ဘူး ခုgemက ကျွန်တော့်ကိုခု ဘာတွေပြောနေလဲဆိုတာ

"Gem မင်းဘာတွေပြောနေတာလဲ ငါကဘာလုပ်မိလို့ငါ့ကိုဒီလောက်တောင်မုန်းနေရတာလဲ"

"ဘာလုပ်မိလို့ ဟုတ်လား ငါ့အကိုလမ်းမလျှောက်နိုင်အောင်လုပ်ခဲ့တာမင်းလေ..နောက်ပြီး ငါ့အမေကိုခြိမ်ခြောက်ပြီး ငါ့ကို မင်းအတင်းယူခဲ့တာတွေက မင်းဘာမှမလုပ်ခဲ့ဘူးလို့ပြောထွက်တယ်နော်"

Gemက fourthမျက်နှာကိူ မုန်းတီးစွာကြည့်ပြီးပြောလာခဲ့သည်။ တော်သေးတာ ကျွန်တော့တို့စကားပြောနေတဲ့နေရာက ဧည့်သည်တွေနဲ့ ဝေးနေလို့။

Fourthလဲ စကားမများချင်တော့ကြောင့် စကားလမ်းကြောင်းလွဲလိုက်သည်။

အချစ်ကို ကျော်လွန်၍Where stories live. Discover now