3🌻

293 32 4
                                    

ဆေးရုံရောက်တော့ ဆရာဝန်တွေလဲသိမ့်မရှိကြတော့ဘူးဖြစ်သည်။

"ဟေ့  ဘယ်သူလဲ ဘာကိစ္စရှိလို့လဲ"ဆေးရုံစောင့်ဖြစ်လောက်တဲ့ ဦးလေးကြီးတစ်ယောက်ကသူအားမေးလာသည်။

"ဦးလေး ခဗျ ကျွန်တော့်အမျိုးသား fourth Nattawatကိုတွေ့မိသေးလားခဗျ"

" ဟင် ဆရာလေးက အရင်ကဆို အစောကြီးပြန်နေကြပါ။ လာ..လာ..ဦးနောက်လိုက်ခဲ့ ဦးက ဆေးရုံနဲ့ အိမ်ကနီးလို့ ဦးကတစ်ခေါက်ပြန်လာ စစ်ဆေးတာ"လို့ပြောကာ ဆေးရုံတံခါးအားဖွင့်ပေးလေသည်။

ဘယ်မှာရှာရှာ fourthအားမတွေ့တာကြောင့် နောက်ဆုံးကျန်တဲ့ ဆေးမှတ်တမ်းထားတဲ့ အခန်းအားဖွင့်လိုက်တော့ လဲကျနေတဲ့ fourthရဲ့ ကိုယ်လေး။

"Fourth ငါခေါ်တာကြားလား fourth"

Fourthတစ်ယောက် Gemအသံ​လိုလိုကြားတာကြောင့်မေးလိုက်မိသည်။

"Gemလား"

"အင်း..ငါပဲ fourth" Gemကဟုတ်တယ်ဆိုတာကြောင့် fourthတစ်ယောက်ပြုံးသွားသည်။

"နောက်ဆုံးတော့ gemမင်း ငါ့ကိုလာရှာပြီပေါ့"လို့ပြောကာ မေ့သွားခဲ့သည်။

Fourthနိုးလာတော့ အခန်းထဲပြန်ရောက်နေပြီးဖြစ်သည်။ညကသူ ဆေးမှတ်တမ်းအခန်းထဲ မေ့သွားခဲ့တာ နောက်ပြီး ဘယ်လိုအိမ်ပြန်ရောက်ခဲ့တာကို မမှတ်မိဘူးဖြစ်နေတယ်။

"ဒေါက်...ဒေါက်...ဒေါက်..."တံခါးခေါက်သံကြောင့် fourth တံခါးဝအားကြည့်လိုက်တော့gem Gemကသူ့အခန်းထဲဝင်လာတယ်။

"နိုးပြီးလား "gemဘက်မေးလာတော့

"အင်း ညက"

"ညက မင်းဆေးမှတ်တမ်း အခန်းထဲမှာမေ့လဲနေတာ ငါသာမတွေ့ခဲ့ရင် မင်းဘာဖြစ်သွားမလဲသိလား"Gemအသံက ဒေါသထွက်နေလို့ပြောနေတာမဟုတ် စိတ်ပူပြောနေမှန်းသိသာသည်။

"ဘာလို့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဒီလောက်ပေါ့ဆရတာလဲဟမ်း ဖုန်းကဘာလို့ မယူသွားရတဲ့လဲ fourth"

"တောင်းပန်ပါတယ် gem နောက်ဆိုသတိထားပါ့မယ်ခုက ဆေးရုံအုပ်ကြီးအခန်းကနေ သွားတာမို့ဖုန်းမယူသွားမိ" ရုတ်တရက် နှာဖူးပေါ်ရောက်လားတဲ့ gemလက်ကြောင့် fourth တစ်ယောက်ပြောနေတဲ့စကားတောင်ရပ်သွားပြီး ကြောင်နေမိသည်။

အချစ်ကို ကျော်လွန်၍Where stories live. Discover now