4🌻

315 28 5
                                    

ဒီနေ့တော့ fourth မပြန်ဖြစ်ကြာပြီးဖြစ်တဲ့ အိမ်အားပြန်ရအုံးမည်။ညက gemလဲ မပြန်လာတာကြောင့် fourthမနက်အစောကြီးထကာ gemအတွက် မနက်စာကိုစားပွဲပေါ်တွင် တင်ထားခဲ့ပေးလိုက်သည်။ပြီးတာနဲ့ ကားသော့ယူကာ မပြန်တာကြာပြီးဖြစ်တဲ့ မိဘတွေနေတဲ့ အိမ်လေးဆီအားမောင်းနှင်လာခဲ့သည်။

Fourth မိဘတွေအိမ်ကိုရောက်နေတာကြာ ဒါပေမဲ့မဝင်သေးဘဲ fourthစောင့်ဆိုင်နေမိသည် ခနကြာတော့ fourthသေချာဆုံးဖြတ်လိုက်သည်။ဟုတ်တယ် gemအတွက် ငါကူညီပေးရမယ်။ ဆုံးဖြတ်ပြီးတာနဲ့ fourthကားပေါ်ကဆင်းကာ အိမ်ထဲကိုဝင်လာလိုက်သည် ဧည့်ခန်းတွင် အဖေရောအမေရော သူ့အားတွေ့သွားတော့

"မင်း ဘာပြန်လာလုပ်တာလဲ ခုချက်ချင်း ငါ့အိမ်ထဲကထွက်သွားစမ်း မိဘတွေကို အရှက်ခွဲတဲ့ကောင် ထွက်သွား ငါ့မျက်စိရှေ့က" ဖခင်ရဲ့ ဒေါသတကြီးမောင်းထုတ်မှုကို fourthဘာမှပြန်မပြောဘဲ ဒူးထောက်လိုက်ပြီး

"တောင်းပန်ပါတယ်တယ်အဖေ gemမိသာစုရဲ့စီးပွားရေးကိစ္စကိုအရင်အတိုင်းပြန်ဖြစ်သွားအောင်အဖေအမှန်တိုင်းပြောပေးပါ"

"ဘာကွ မင်းကခုလာတာ မင်းလင်ရဲ့ကုမ္မဏီ ဒေဝလီခံရတော့မဲ့ ကိစ္စကြောင့်လာ"

"တောင်းပန်ပါတယ် အဖေ အမှန်တိုင်းပြောပြလိုက်ပါ"

"ကဲဲကွာ....ခွပ် မင်းလင်မိသာစုကိုထိတော့နာတော့ပေါ့လေ" ဖခင်ဖြစ်သူလက်သီးတစ်ချက်ကြောင့် fourthကိုယ်လေးယိုင်ကျသွားသည်။အမေကိုကြည့်လိုက်တော့လဲ သူအားမုန်းတီစွာကြည့်နေသည်။

"အမေ"fourth ခေါ်လိုက်တော့

"မခေါ်နဲ့ ငါကမင်းအမေ မဟုတ်ဘူး မိဘတွေအရှက်ခွဲတဲ့နင့်လို ကောင်မျိုးက ငါ့တို့သားမဟုတ်ဘူး"

"အဖေတို့အမှန်တိုင်းမပြောရင် ကျွန်တော်ကိုယ်တိုင်းပြောရလိမ့်မယ်"

"ဖြောင်းးးဖြောင်းးး"ဒီတစ်ခါတော့ အဖေဆီကမဟုတ်ဘဲ အမေ့ဆီကဖြစ်သည်။fourthပါးတွေလဲ ကြိမ်စပ်နေပြီး။

"နင်က ကျွေးမွေးထားတာကိုမထောက် ကျေးဇူးကန်နေတာပေါ့လေ"မိခင်ရဲ့စကားကြောင့် fourthပြုံးလိုက်မိသည်။ ကျွေးမွေးထားတာတဲ့ သူ့တို့စိတ်တိုင်းကျ ထားတဲ့နေရမှာနေ ကျွေးတဲ့နေရာမှာစားခဲ့ရတာကိုရောထည့်မပြောကြဘူးလား။

အချစ်ကို ကျော်လွန်၍Tahanan ng mga kuwento. Tumuklas ngayon