8🌻

321 36 8
                                    

ကုတင်ပေါ်တွင်ထိုင်ကာ ခုဖြစ်နေတဲ့အရာတွေအားလုံးဘယ်ကနေ စမှားခဲ့ကြတာလဲဆိုတာ fourthစဉ်းစား‌နေမိသည်။

အရင်က အကြောင်းအရာတွေသာ Gemသိရင်ယုံနိုင်ပါ့လား။gemအခုသိထားတာတွေက အမှန်မဟုတ်နေဘူးလေ။ အဲ့အမှန်တရားသာ Gemသိသွားရင် လက်ခံနိုင်ပါစေ။ အဲ့အချိန်ကျ ငါမင်းဘေးနားမှာရှိ‌မနေလောက်တော့ဘူးလေ။

ခုတောင် Gemနဲ့ အတူနေလာတာ 2လခွဲတော့မယ်။ အချိန်တွေသာပြောင်းလဲသွားတယ် Gemကတော့အရင်တိုင်းဘဲ။ ချစ်သလိုလိုနဲ့ ရက်စက်လွန်တယ် Gemငါမရှိတဲ့နောက် အဆင်ပြေပါစေ။

" ဟူးးးးးးးးးး" လေပူတစ်ချက်မှုတ်ထုတ်ကာ fourth အိပ်ရန်သာ ဆုံဖြတ်လိုက်သည်။ ရှေ့ရေးရော နောက်ကြောင်းတွေရော ပြန်စဉ်းစားလိုက်ရင် နာကျင်စရာတွေကြီးပါဘဲ။

Phuwinအိပ်မပျော်တာကြောင့် အိမ်ရှေ့ ဝန်ရံတာဘဲ ထွက်လာခဲ့သည်။ ဒီညမှ လရဲ့အလင်းတွေက ပိုမှိန်နေသလိုဘဲ။ လွမ်းသလိုလိုတော့ ရှိသာဘဲလို့ တွေးမိလိုက်တော့ Phuwin တစ်ယောက်ပြုံးမိသွားသည်။

အဆင်ပြေနေမှာပေါ့ အကိုရော။ အခုထိ အကိုတို့ညီအကိုနှစ်ယောက် ခဗျား‌တို့ရဲ့ အမေအမိန့်ကို မလွန်ဆန်နိုင်ကြသေးဘူးဘဲ။ အရင်က အကိုသာကျွန်တော့်ကိုဘဲ ရွေးချယ်ခဲ့မယ်ဆိုရင်ရောပြီး နာကျင်စွာ ပြုံးလိုက်မိပြန်သည်။

နောက်ပြီး အရောင်မှိန်နေတဲ့ လကိုကြည့်ကာ အတွေးထဲ ထပ်မှန် တွေးနေလိုက်သည်။ ခဗျားအမေက အခုထိ အတ္တကြီးနေတုန်းဘဲ တစ်နေ့တော့ ခဗျားအမေရဲ့ အတ္တတွေကြောင့် gemini နာကျင်အောင်လုပ်ပြမယ်။ စောင့်ကြည့်နေလိုက် ခဗျားတို့ကြောင့် ကျွန်တော်ညီ ဘယ်လောင်ပင်ပန်းနေရတယ်ဆို ခဗျားသားအလှည့်လာတော့မှာ။

" ဟက်...အဲ့အချိန်ကျ ဒူးထောက်ပြီး တောင်ပန်းတောင် ကျွန်တော်က ခွင်မလွှတ်ဘူး" လမင်းကြီးလဲ တိမ်တွေကြာ ပျောက်ကွယ်သွားတဲ့ အချိနိမှ Phuwin အခန်းထဲပြန်ဝင်လာသည်။

မနက်ရောက်တော့ 7နာရီခွဲလောက်သာရှိသေးသော အချိန်တွင် fourth တစ်ယောက်နိုးလားသည်။ ပုံမှန် ထနေကျအချိန်ဖြစ်နေလို့လားမသိ gemမရှိလဲအမြဲဒီအချိန်ဘဲ ထဖြစ်တယ်။

အချစ်ကို ကျော်လွန်၍Opowieści tętniące życiem. Odkryj je teraz