Chapter 52

7.4K 331 4
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 52

"ဆောင်း လည်းသဘောတူပြီဆိုတော့ အန်တီတို့ နောက်နှစ်ရက်နေရင်သွားကြမယ်"

"သောကြာနေ့မှ သွားမှာမဟုတ်ဘူးလား အန်တီ"

ဆောင်းက မြန်မာပြည်သွားမှာသိပင်မဲ့ အဲ့လောက်ထိစောသွားရမယ်ဆိုတာ မသိတာအမှန်မို့ သူမက အန်တီလေးကိုပြန်မေးလိုက်သည်။

"အန်တီလေးတို့ဘက်က စောလေကောင်းလေပဲ သမီး....သားသူ့တို့က အန်တီလေးတို့ရှိလေ သူတို့လုပ်ရမှာတွေက ရှေ့မရောက်ဘူးသမီး"

"ဟုတ်တယ် ဆောင်း မြန်မာပြည်မှာအေးအေးချမ်းချမ်းသွားနေ အစကတော့ဒီတစ်ပတ်နေပြီမှ သွားခိုင်းလည်းရတယ်ဆိုပင်မဲ့ သမီးက မပေါ့မပါးနဲ့လေ"

သူမဘေးနားကထိုင်နေတဲ့သူက ဘာမှမပြောပင်မဲ့ အန်တီ နဲ့ အန်ကယ်ကသူမကို နောက်နှစ်ရက်နေရင်သွားဖို့ နားချနေကြသည်။သူမလည်း ကိုယ့်မိဘတွေဆီပြန်ရမှာမို့ပျော်ပင်မဲ့ သူလုပ်မှာတွေက အန္တရာယ်ရှိတညကြောင့် စိတ်မချတာမို့ သူမမှာတွေဝေနေရသည်။သူမက အနားမှာရှိနေရင် သူအလုပ်တွေမှာဆူးကလုတ်ဖြစ်နေမှာမို့.....

"ဟုတ်ကဲ့ အဲ့တာဆိုမနက်ကြရင် မြန်မာပြည်ယူသွားမှာတွေကို သမီးအဝတ်ထည့်လိုက်မယ်နော်"

"ကောင်းတာပေါ့ အန်တီလည်းမနက်ကြရင်ထည့်မှာ....ဝတ်မှာတွေကို အများကြီးသိပ်မထည့်နဲ့ နည်းနည်းလေးပဲထည့် ဟိုရောက်ရင်လည်းရှိတာပဲ"

"ဟုတ်ကဲ့"

မြန်မာပြည်ကို သွားချင်တဲ့စိတ်သာရှိတာ အနောက်ကိုလည်း သူမမှာစိတ်မချဖြစ်နေရသည်။သူ့ဦးလေးဆိုတဲ့လူက ဘယ်လောက်ယုတ်မာလည်းဆိုတာ သူမုန်းတဲ့အတိုင်းအတာကို့ကြည့်တာနဲ့သိသည်။

"ကိစ္စတစ်ခုလုပ်တော့မယ်ဆို ဂရုစိုက်နော်...ကိုယ်လည်း လက်နတ်ပါတယ်ဆိုပင်မဲ့ ကိုယ်က ရန်သူနေရာကိုသွားရမှာ"

"ဟုတ်ပါပြီကွာ မနေ့ကတည်းကမှာနေတာ"

အန်တီက အန်ကယ်ကိုစိတ်မချစွာမှာနေတာကြောင့် သူမလည်း သူဘက်လှည့်ကြည့်ကာ စကားပြောမလို့ပြင်လိုက်တော့ သူကလည်း သူမကိုကြည့်နေသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now