Part 1

608 47 1
                                    

"သားသား... လက်ထပ်ဖို့ ပြင်ဆင်ထား.."

ဒါဘာစကားကြီးလဲ။ သူ့အသက်က အခုမှ နှစ်ဆယ်ပဲရှိသေးတာလေ။
ပါပါးရှောင်းက သူ့ကို နောက်နေတာများလား။

"ပါပါး.. ဟောင့်ဟောင့်က အခုမှ ငယ်ငယ်လေးရှိသေးတာလေ..။
ဘာလို့ .. လက်ထပ်ခိုင်းနေတာလဲ"

အိမ်ရှေ့ဧည့်ခန်းရဲ့ ဆိုဖာပေါ်မှာထိုင်နေတဲ့ ရှောင်းပါပါးဘေးက
ဒယ်ဒီ၀မ်က တစ်ချိန်လုံး ငြိမ်နေရာကနေ စကားစလာတယ်။

"ဆောင်းဟန်ဘင်းလေ.ဟောင့်ဟောင့်
သိတယ်မဟုတ်လား.."

"ဆောင်း.ဟန်.ဘင်း"

"ဟုတ်တယ်.. ဟန်ဘင်းလေးနဲ့ပဲ သားသား..
ပါပါးတို့ မိဘချင်းတွေက တအားချစ်ကြတဲ့သူငယ်ချင်းတွေလေ..
သားသမီးတွေ မွေးလာကြရင် လက်ထပ်ပေးကြမယ်လို့ ကတိပေးထားကြတာ...
အခု ပါပါးတို့က သားချည်း မွေးထားကြပေမယ့် အဲ့ကတိကို သေချာပေါက် တည်ချင်တယ်
သားသား.."

အကျိုးနဲ.. ကတိတည်ချင်တာနဲ့ ယောက်ျားချင်းချင်း ပေးစားစရာလား ပါပါးရှောင်းရယ်..
ကျန်းဟောင့်လည်း ခေတ်လူငယ်တစ်ယောက်မို့ ဒီလိုမျိုးတွေကို သူအမြင်မကျဉ်းပေမယ့် နဲနဲတော့ ထူးဆန်းနေတယ်လေ။

"ပါပါးကလည်း..ဟိုက သားကို လက်မခံရင် ဘယ်လိုလုပ်မလဲ.."

"ဒီကိစ္စအတွက် ဘာမှမပူနဲ့.. ဟန်ဘင်းနီးဘက်က အကုန်လက်ခံပြီးပြီ။
ဟောင့်ဟောင့် ခေါင်းညိတ်ဖို့ပဲ ကျန်တာ"

ဘာ!! ဒီလူက ဘာကိစ္စနဲ့ သဘောတူလိုက်ရတာလဲ..
သူနဲ့မြင်တောင် မမြင်ဘူးသေးပဲနဲ့လေ။

"‌ပါပါးကလည်း အဲ့လူက ရုပ်ဆိုးနေရင် ဘယ်လိုလုပ်မလဲ..
ဟောင့်က အမြဲချောနေတဲ့သူဆိုတော့ ဟောင့်နီးပါးချောတဲ့သူနဲ့မှ အဆင်ပြေမှာနော်.."

"အပိုတွေမပြောနဲ့ ..၀မ်ကျန်းဟောင့်
မင်းလက်မခံချင်လည်း လက်ခံရမယ်..
မင်းကောင်းဖို့အတွက် ငါတို့ကစီစဉ်တာ..
အဲ့တော့ ဉာဏ်နီဉာဏ်နက်များမယ်မကြံနဲ့.."

"ရိပေါ်.. သားသားကို အဲ့လိုမအော်နဲ့လေ"

"ရှောင်ရှောင်း အဲ့လိုအလိုလိုက်နေလို့ အဲ့ကောင်လေးဆိုးနေတာ.."

Ai NiWhere stories live. Discover now