Part 4

407 57 2
                                    

"ဒီရက်ပိုင်း ကျန်းဟာအိုမျက်နှာများ ပြုံးရွှင်နေတာပဲနော်..
ပုံမှန်ဆို စာနဲ့တယောထိုးတာကလွဲ ဘာမှစိတ်မ၀င်စားတဲ့ ရွှယ်ပါ့လေးက စကားတွေလည်း တအားများလာသလိုပဲ.."

ဂင်ဂယူဘင်းမှ ထမွှေတော့ ဟန်ယူဂျင်းကလည်း အရောက်ပို့သည်။

"မျက်လုံးလေးတွေက အချစ်ရဲ့
ဆွဲအားတွေကြောင့် တောက်ပနေတာလေ"

ကျန်းဟောင့်မျက်နှာက ဂင်ဂယူတို့ပြောသလို တအားသိသာနေတာလား။

နုနုငယ်ငယ်လေးကျန်းဟောင့်အတွက် အချစ်ဆိုတာ သူများတွေပြောသလို ရယူခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေကို ဘာတစ်ခုမှ နားမလည်၊ မခံစားတတ်။

ကျန်းဟောင့်အမူအရာတွေ ပြောင်းလဲနေတယ်ဆိုတာကလည်း ဘယ်သူ့ကိုမှ မချစ်ဖူးသည့် နှလုံးသားအရိုင်းလေးမို့ အနေနီးကာ စိတ်လှုပ်ရှားလေသည်လား မပြောတတ်။

သူ့ကို ဦးဟန်ဘင်းက ဂရုစိုက်တာကို သူသဘောကျသည်။
သူ့ကို နူးနူးညံ့ညံ့စကားလုံးတွေပြောတိုင်း ခြေဖျားလက်ဖျားတို့ အေးစက်လာရသည်။
ဒါဟာ အချစ်ဆိုရင် သူတကယ်ပဲ ဦးဟန်ဘင်းကို ချစ်မိနေပါသည်။

"ညနေ ငါတို့နဲ့အတူပြန်မှာလား ကျန်းဟောင့်..
ငါတို့ဒီနေ့ ဂိမ်းဆိုင်သွားမလို့ကို မင်းလိုက်ခဲ့ပါလား..
တစ်နေ့တစ်နေ့ စာချည်းပဲလုပ်ရတာ ဦးနှောက်တွေ ပူလာပြီ.."

ဂင်ဂယူရဲ့ ညဉ်းတွားသံကို ရစ်ခီက ၀င်ထောက်သည်။

"ကျန်းဟာအိုကို ခပ်ကြပ်ကြပ်ဖျက်ဆီးနေ.. သူ့လူကြီး မင်းကို ထိုးလိမ့်မယ်.."

"ဘာငါ့လူကြီးလဲ... ပြီးတော့ ဦးဟန်ဘင်းက လူကြီးလူကောင်းတစ်ယောက်ပါ..
သူ့ထက်ငယ်တဲ့ ကလေးတွေကို အဲ့လိုလုပ်မယ့်သူမဟုတ်ဘူး.."

"အမလေး ကျန်းဟောင့်ရယ်..မချစ်လို့သာပဲနော်. အခုထဲက သူ့လူဘက်က လိုက်ကာပြောနေပြီ.."

"ကာပြောတာမဟုတ်ပါဘူး.. တကယ်လည်း သူက လူကြီးလူကောင်းဆန်တာပဲလေ..
ငါ့ကိုဆိုလည်း သူ၀တ္တရားမပျက် သေချာဂရုစိုက်ပေးတယ်လေ..
အချစ်ဆိုတာတော့ မပါပေမယ့်ပေါ့"

Ai NiWhere stories live. Discover now