Part 2

298 46 0
                                    

"ဘယ်လိုလဲ.. ဟန်ဘင်း.. ဟောင့်နဲ့တွေ့ခဲ့တာ အဆင်ပြေရဲ့လား.."

"ပြေပါတယ်..မေမေ..အရာရာ မေမေ့စိတ်တိုင်းကျ အကုန်ဖြစ်စေရပါမယ်"

သူပြောခဲ့တဲ့ အကြောင်းအရာတွေကို မေမေ့ကို မပြောပြတော့ပါဘူး။

အဲ့ကလေးနဲ့ ဘာမှမဆိုင်ပေမယ့် မေမေ့ကို ရွဲ့ချင်တဲ့စိတ်ကလေးနဲ့ သူတို့အကြောင်းကို ပြောမိလိုက်တာ။
သူလွန်သွားမှန်း သိပေမယ့်လည်း သူ့ဘက်က တစ်ဘ၀လုံး ပေးဆပ်ထားရတာ ဒီလောက်တော့ ပြောရမယ်မလား..။

"မင်းက မကြာခင် လက်ထပ်တော့မယ့်သူတစ်ယောက်နော်..
ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်သားသင့်နေပြီ..
တစ်ဖက်ကလေးကို စိတ်ဆင်းရဲအောင် မလုပ်နဲ့.."

မေမေတို့နဲ့တော့ ခက်ပါပြီ။ သူ့မှာ
မသိရင် လူယုတ်မာကြီးလုံးလုံးကို ဖြစ်လို့။

"စိတ်ချပါ မေမေ.. မေ့မေ့သားမက်လေးကို ကျွန်တော်ရည်းစားရှိခဲ့တယ်ဆိုတာကလွဲ ဘာမှမပြောခဲ့ပါဘူး။
မေမေ့ကြောင့် ဝေးခဲ့ရတယ်ဆိုတာလေးကတော့ ခြွင်းချက်အနေနဲ့ပြောခဲ့တယ်.."

ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ရင်း ဟန်ဘင်းမေမေက ပြုံးသည်။

"သားကောင်းဖို့အတွက် မေမေက စီစဉ်တာပါ ဟန်ဘင်းရယ်.."

**************************

"မင်း.. ဘာဖြစ်နေတာလဲ ဟာအို"

ကျောင်းကန်တင်းမှာ ထိုင်နေရင်း မှိုင်နေသည့် ဟာအိုကို ယူဂျင်းကမေးလိုက်သည်။
ကျန်းဟောင့်က တရုတ်‌ကလေးဖြစ်ပေမယ့် သူ့ကိုရီးယားသူငယ်ချင်းတွေကတော့ သူ့ကို ဟာအိုလို့ခေါ်ကြသည်။

"ငါစိတ်ညစ်နေတာ.."

"ဘာတွေ စိတ်ညစ်နေတာလဲ.."

"....."

"မင်းလူကြီးနဲ့ သွားတွေ့တာ အဆင်မပြေဘူးလား.."

ဂယူဘင်းရဲ့အမေးကို ရစ်ခီက ၀င်ထောက်သည်။

"အဲ့လူကြီးက သူ့မှာ ချစ်သူရှိခဲ့ဖူးတယ်တဲ့..
သူ့အမေကြောင့် သူ့ချစ်သူနဲ့ဝေးခဲ့ရတာလို့ ငါ့ကိုပြောတယ်.."

ကျန်းဟောင့် ပြောရင်း မျက်နှာလေးမဲ့လိုက်သည်။ အလကားလူကြီး...

Ai NiWhere stories live. Discover now