Chapter 53

7.1K 355 23
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 53

မြန်မာပြည်လေဆိပ်ရောက်တော့ သူမဘေးနားသူမပါတာမို့ ရင်ထဲသိပ်တော့မကောင်းပင်မဲ့နောက်တစ်လလောက်နေရင် သူလိုက်လာမှာပဲလို့ စိတ်ထဲပြန်တွေးရသည်။သူမစိတ်ထဲ မကောင်းတာတွေမတွေးမှ သူပဲရစ်မှာကောင်းကောင်းအလုပ်လုပ်နိုင်မှာ။

အန်တီ နဲ့ သူမကတော့ တွဲဖက်တွေမပါတော့ လေဆိပ်ဆင်းကတည်းက Taxi ကားပေါ်ရောက်တဲ့အထိတစ်ယောက် နဲ့ တစ်ယောက် ဘာစကားမှမပြောပဲတိတ်စိတ်နေတော့သည်။သူမတို့စီးလာတဲ့ Taxi ကားလေးက သူမတို့ပေးထားတဲ့ လိပ်စာအတိုင်း သူမတို့ခြံရှေ့ရောက်တယ်ဆို ရပ်လိုက်တာမို့.....

"ဆောင်း ရောက်ပြီ အန်တီတို့ဆင်းကြမယ်"

ပြောတာကြောင့် သူမ နဲ့ အန်တီ နှစ်ယောက်လုံးကားပေါ်ကနေ ဆင်းတော့ Taxi ကားသမားကလည်း ကားနောက်ဖုံးဖွင့်ကာ သူမတို့ luggage အိတ်တွေကို ထုတ်ပေးသည်။

"ဦးလေး ကားခဘယ်လောက်လဲရှင့်"

"တစ်သောင်းပါ တူမကြီး"

ဆောင်းပိုက်ဆံအိတ်ထဲက တစ်သောင်းတန်တစ်ရွက်ကိုထုတ်ကာ Taxi သမားဦးလေးကြီးကို ပေးလိုက်သည်။သူမတို့ Taxi သမားကြီးကို ပိုက်ဆံရှင်းပေးပြီးတယ်ဆို ခြံတံခါးက သော့မခတ်ထားတာမို့ သူမတို့ဘာသာဖွင့်ပြီး ဝင်လာလိုက်တော့သည်။

"မေကြီး "

သူမတို့ပြန်အလာကို အိမ်ဝမှာထွက်ကြိုနေတဲ့ မေကြီးကိုတွေ့တယ်ဆို မတွေ့ရတာ တစ်နှစ်နီးပါးရှိပြီမို့ ပြေးဖတ်လိုက်တဲ့အချိန်မှာတော့ သူကို သတိရနေတဲ့စိတ်ကို ခဏတော့ဖျောက်လိုက်နိုင်သည်။

"သမီးကလည်း ဖြေးဖြေလေ ကိုယ်မှာကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ မေ့နေတာလား"

"ဟီး ဆောင်း အခုမှကလေးပြန်လုပ်ရတော့မှာမို့ ပျော်လို့ပါ မေကြီးရဲ့ ဒါနဲ့လေ ဖေကြီးရော"

"သမီး ဖေကြီးကဒီနေ့ဆေးရုံမှာ duty ရှိတယ်လေ သမီးလာတာကို စောင့်ချင်ပင်မဲ့ ဆရာဝန်ဆိုတာက တာဝန်ပျက်ကွက်တာ မကောင်းဘူးလေ"

သူမလည်း ဆရာဝန်တစ်ယောက်မို့ ဖေကြီးကိုနားလည်တာမို့ မေကြီး နဲ့ အန်တီတို့နဲ့အတူတူအိမ်ထဲဝင်လာရင်း ဧည့်ခန်းရောက်တော့ ဆိုဖာခုံပေးမှာ သူမ luggage အိတ်ကို ထားလိုက်ပြီး မေကြီး နဲ့အတူတူ ခုံမှာဝင်ထိုင်လိုက်သည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now