1

540 62 38
                                    

'ရှင်းရာ၀န်း '

ဒီကနေ့ဟာ 'ရှင်းရာ၀န်း' ရဲ့ ကြီးမြတ်‌ သောမိခင်ဖြစ်သူကလေးမွေးဖွားသန့်စင်မယ့်ရက်မြက် တစ်ခုဖြစ်လေတယ်..အသက် သုံးဆယ့်တစ်နှစ်မှာမွေးဖွားလာမယ့် ဒီကလေးဟာ 'ရှင်းရာ၀န်း' ရဲတိုက်ကြီးရဲ့ အငယ်ဆုံးဖြစ်လာမယ့် ကလေးပင်..။

နတ်၀င်သည်တို့က ဒီလိုဆိုမိန့်ကြသေးတယ်..ယခု မွေဖွားသန့်စင်လာမယ့် ကလေးငယ်ဟာ နူးညံ့ခြင်းနဲ့လှပခြင်းတွေ ရောပြွန်း၍ မွေးဖွာလာမယ့် မိန်းကလေးငယ်တစ်ယောက်ဖြစ်ပြီး ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံလွန်းသူဖြစ်လိမ့်မယ်....

ထို့အတူ ကမ္ဘာနှစ်ခုပေါင်းစည်းမယ့် ကံတရားလဲပါ၀င်တယ် လို့လဲ တိကျစွာ ဆိုမိန့်ပါသေးတယ်...
ကမ္ဘာနှစ်ခု ဆုံစည်းမယ်ဆိုတာဟာအနှစ်တစ်ရာ
မှာ တစ်ခါမှာမရှိဖူးတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်မို့ 'ရှင်းရာ၀န်း' ရဲတိုက်ကြီးနဲ့ 'ရှင်းရာ၀န်း' ‌တောင်ကုန်းမှာ‌‌ နေထိုင်သူအကုန်လုံးဟာ မွေးဖွားလာမယ့် ဒီမိန်းကလေးကိုအခုကတည်းက သဲသဲလှုပ်၍ ကောင်းချီးတွေနဲ့ ဆုတောင်းခြင်းတွေ လုပ်နေကြပြီဖြစ်လေတယ်...

"ဒီကလေးဟာ ရှင်းရာ၀န်း ကို ကောင်းချီးတွေ ယူဆောင်လာပေးမယ့်ကလေးဖြစ်တယ်..အမှားအယွင်းတစ်စုံတစ်ရာမရှိ လှပခြင်းတွေကိုသာ ယူဆောင်လာပေးပါ နတ်ဘုရားတို့ထံ အကူအညီတောင်းပါတယ်.."

နတ်၀င်သည်၏ ဆုတောင်းသံအဆုံး မိုးချုန်းသံဟာ ရှင်းရာ၀န်း တစ်ခုလုံး တုန်ဟီးသည်အထိ ကျယ်လောင်စွာ ချိန်းလေသည်မို့ အားလုံးဟာ လန့်ဖျပ်သွားပြီးကောင်းကင်ယံကိုမော့ကြည့်မိလိုက်ကြလေ၏။

"ဟင်"

"အလင်းတန်းတွေ.."

ညကြီးယံမှာ လင်းထိန်လာတဲ့ အလင်းတန်းတွေဟာ ကြောင်တစ်ကောင်ရဲ့ မျက်လုံးတွေလို ပုံသဏ္ဍာန်နဲ့ ဝိုင်းစုအား ကမ္ဘာတစ်ခွင်ကို ငုံ့ကြည့်‌ ‌ နေသဖွယ် စုဝေးလာတယ်...

"အလိုလေး...ကြောင်တစ်ကောင်လို ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ ကမ္ဘာမြေကို ငုံ့ကြည့်နေပါလား? ဒီကလေးဟာ ကမ္ဘာမြေကို အုပ်ချုပ်နိုင်စွမ်းရှိပြီး မျက်လုံးတွေဟာကြည်စင်တောက်ပနေမယ့် သူပဲ.."

'MAGIC STORY 'حيث تعيش القصص. اكتشف الآن