3

322 54 32
                                    






ထိုနေ့ကစ ရှင်းရာ၀န်းရဲတိုက်ထဲမှာ ဖြစ်သွားခဲ့သော ကိစ္စကြောင့် လူပြောများလာခဲ့သည်က ဂျွန်ဂယူက သွားမထိသင့်သော ကလေးတစ်ယောက်ဆိုတာပင်...မကောင်းဆိုးဝါးလေးဆိုသည့်သတင်းတွေက ရဲတိုက် အထိကို တိုးသဲ့သဲ့ကြားလာရသည်မို့ မိဘတွေလဲ ခေါင်းကိုက်နေရချေပြီ...ဂျွန်ဂယူကို ထိုစကားများလဲ မကြားစေချင်တာမို့ ရဲတိုက် အတွင်းကနေ ခြံထဲတောင် မဆင်းစေချင်မိပေ...

"လီဆူရီ ဘာဖြစ်သွားသေးလဲ"

ခင်ပွန်းဖြစ်သူ၏ အမေးကို မိခင်ဖြစ်သူဟာ သက်ပြင်းချရင်း...

"ဘာမှတော့ ဖြစ်မသွားပေမယ့် လန့်ဖျားဖျားသွားတယ်တဲ့လေ..တော်သေးတယ် ဘာမှကြီးကြီးမားမားဖြစ်မသွားတာ.."

"မွေးလာကတည်းက မကောင်းသတင်းတွေနဲ့ မွေးလာသူဆိုတော့ ကောလဟလ တွေက ထွက်နေမှာ နားလည်ပါတယ်.. ဒါပေမယ့် ဘာမဟုတ်တဲ့ကောလဟလ တွေကြောင့်ငါတို့သားငယ်လေးစိတ်ဒဏ်ရာရသွားမှာ စိုးရိမ်မိတယ်.."

ဖခင် ပြောတာ ရာနှုန်းပြည့်မှန်နေတာမို့ မိခင်ဖြစ်သူလဲ ရင်မောနေရ၏။ အေးစက်စပြူနေသော ကော်ဖီကို တစ်ငုံသောက်လိုက်ရင်း သားငယ်၏ ရှေ့ရေးကို တွေးကာ သူမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမည်ကို မသိသေးပေ....

ဒီပူပန်မူကို လျှော့ချဖို့ နည်းကတော့ တစ်နည်းပဲရှိပါ၏။ ထိုနည်းကတော့ ကလေး ကို အထဲက အပြင် မထွက်စေဖို့ပဲဖြစ်၏။ကော်ဖီကို ဇိမ်ခံသောက်နေသည်ဟု ထင်ရသည့်တိုင် မိခင်ဖြစ်သူ၏ ခေါင်းထဲတွင် ဖခင်ထက် အတွေးများနေလျက်ရှိ၏။ ကလေးငယ် မွေးဖွားစဉ်က ဖြစ်ခဲ့တဲ့ ကံကြမ္မာပြောင်းလဲမူတွေကြောင့် ရှင်းရာ၀န်းတိုင်းပြည်အတွင်း ဒီကလေးငယ်ကို အမျိုးမျိုးသော စွပ်စွဲမူတွေ မလိုမုန်းထားမူတွေရှိနေတာ သူမတို့သိသလို နတ်၀င်သည်ကြီး၏ ခါးသီးဖွယ် ကျိန်စာတွေကလဲ သူမ နားထဲက မထွက်...

ထို့ကြောင့် အကောင်းဆုံးကတော့ ကလေးငယ်ကို အပြင်မထွက်စေခြင်းပဲ ဖြစ်လေ၏။

မိခင်ဟာ ကော်ဖီခွက်ကို အသာ ချလို့ ဖင်လေးကုန်း၍ ပုံဆွဲနေပါသော ကလေးငယ်ကို တစ်ချက်ငေးကြည့်ကာ အနားကို ခေါ်လိုက်သည်။

'MAGIC STORY 'Where stories live. Discover now