4

409 51 11
                                    


"နှလုံးမှာလဲ ဘာပြသနာမှမရှိပါဘူး..စစ်ဆေးချက်တွေအရ ပုံမှန်ပါပဲ.."

"ဒါဆို ဘာကပြသနာဖြစ်နေတာလဲ ဒေါက်တာ..ကျွန်မ သားလေးက သေမတတ်ခံစားနေရတာ ဒေါက်တာ့အမြင်ပါပဲ...ဘာကမှားနေတာပါလဲ?"

"ဒါတော့ ကျွန်တော်လဲရှာမတွေ့.."

"ဆေးကုနေတဲ့ဒေါက်တာဆို!! လူနာဘာဖြစ်နေလဲဆိုတာ ဒေါက်တာသိရမှာပေ့ါ ! ကျွန်မသားလေးက ဒီလိုနဲ့ သေသွား‌ရတော့မှာလား?"

မျက်နှာထက် မျက်ရည်စီးကြောင်းတွေပြည့်လျှံနေသော မိခင်ဖြစ်ဟာ ဆံပင်တွေလဲ ဖရို ဖရဲဖြစ်နေပြီး မျက်နှာထက် မိတ်ကပ်တစ်စက်မတင်နိုင်သည်အထိပင်....

အောက်ဆီဂျင်နဲ့အသက်ရှုနေရသော သားငယ်လေး၏ နာကျင်နေမူဟာ သူမရင်ကို ဓါးနဲ့ခွဲပြီးဆားနဲ့သိပ်နေသလို ခံစားရသည်မဟုတ်ပါလား....

"စစ်ဆေးပေးပါ ပြန်ပြီးစစ်ဆေးပေးပါ...ဒေါက်တာ ဒီလိုနဲ့ ကျွန်မ ရဲ့သားလေး တစ်ခုခုဖြစ်သွားမှာ စိုးတယ်.."

သားသမီးဇောနဲ့ အသိစိတ်မကပ်နိုင်ဖြစ်နေသော မိခင်ဟာ ‌ဒေါက်တာ၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ အဆက်မပြတ် တောင်းဆို နေတာကြောင့် ဒေါက်တာဖြစ်သူလဲ သက်ပြင်းသဲ့သဲ့ချကာ ခေါင်းခဲနေရ၏။ ယခု ကလေးငယ် ဖြစ်နေသည်က ရင်ဘတ်မှာ စူးအောင့်ပြီး အသက်ရှုပါ ခက်လာသည်အထိ ဖြစ်နေပေမယ့် ဆေးဘက်ဆိုင်ရာ နဲ့ဆို ဘာဆေးစစ်ချက်မှ ရှာ မတွေ့ ဖြစ်နေတာ အမှန်ပဲဖြစ်သည်။

"အား.."

ထိုစဉ် စူးစူးဝါးဝါး ‌အော်ဟစ်၍ ရုန်းကန်လာပါသော ကလေးကို ဖခင်ဖြစ်သူက ပွေ့ချီကာ ဖက်ထားလိုက်ရင်း ဘာလုပ်ပေးရမှန်းမသိရှိနေစဉ် အောက်ဆီဂျင် အောက်မှာ နှုတ်ခမ်းဖူးဖူးလေးသည် ဝူးဝူးဝါးဝါး အော်ဟစ်နေခဲ့သည်။

"ကြောက်တယ်..အီးဟီး..ကြောက်တယ်..."

"ဖေဖေရှိတယ်လေ..ဂယူရေ.. ဘာဖြစ်တာလဲ?ဘာဖြစ်ရတာလဲကွာ !"

"လက်သည်းအရှည်ကြီး နဲ့ ထိုးနေတယ်.. လက်သည်းကြီးနဲ့ ထိုးနေတယ် အီးဟီး..သရဲမကြီး ! "

လူးလွန့်၍ နာကျင်နေသော ကလေးငယ်ဟာ ဘာတွေပြောနေမှန်းမသိသော်လည်း ဖခင်ဖြစ်သူဟာ ကလေးငယ်၏ ရင်ဘတ်ပေါ် အသာအယာ လက်ဖြင့်ဖိရင်း ဝေဒနာကိုလျော့ချစေဖို့ ကြိုးစားပေးနေရသည်။ ဒိုယောင်းလေးကလဲ ဘေးမှာ ငုတ်တုတ်လေးထိုင်ငိုနေရှာပြီး သူ့သူငယ်ချင်းလေးကို သနားနေလျက်ရှိ၏။

'MAGIC STORY 'Where stories live. Discover now