2

310 52 18
                                    







အခုမှ မွေးဖွားလာတဲ့ မိမိကလေးငယ်ရဲ့ သွေးကိုဖောက်ထုတ်လို့ ရှင်းရာ၀န်းလုံခြုံဖို့အတွက်သွေးစည်းရိုးချပေးရမယ်ဆိုတာ မိခင်နဲ့ဖခင် ဖြစ်သူအတွက်တော့ မတွေးရဲလောက်စရာ ရင်နင့်ဖွယ်ပါလေ.... အခုချိန်ထိ နို့တောင်ကောင်းကောင်းမစို့ရသေးတဲ့ မိမိရင်သွေးလေးကို သွေးစိမ်းရှင်ရှင် ထုတ်ရဖို့က အဘယ်မှာကြည်ဖြူနိုင်ပါ့မလဲ...

သို့ပေမယ့်...ဟိုအရင်ကတည်းက ခန့်မှန်းထားသည့်အတိုင်း တကယ်ဖြစ်လာခဲ့ပြီမို့ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ဒီလမ်းကလွှဲပြီး ရွေးချယ်စရာမရှိတော့ပေ... နဂို တွက်ဆမူတွေက အမှန်တကယ်ဖြစ်လာခဲ့ပြီမို့ အခုတော့ ခေါင်းဆောင်ကြီးလဲ စိတ်ပိုင်းဖြတ်ရတော့မည်ဖြစ်သည်။

"မိန်းမ..ကလေးကို သန့်စင်ပြီးအနှီးကျပ်ကျပ်ထုတ်လိုက်ပါ... ရိုးမလမ်းဆီကနေ တို့တွေ သွေးစည်းရိုးချဖို့ သွားကြတာပေါ့.."

" တကယ်ပဲ ကျွန်မ ကလေးရဲ့ အရေပြားပေါ်ဓါးတင်ရတော့မှာလား? တစ်ခြားလမ်းစဉ်းစားပါဦးဆရာချွဲရှင်.."

"မဖြစ်နိုင်ပါဘူး ! မိခင်ရင်းရဲ့စိတ်ကို နားလည်ပေမယ့်ဒါက လွှဲရင်နည်းလမ်းမရှိတော့ပါဘူ မမလေး.."

ရွေးချယ်စရာလမ်းမရှိတော့တဲ့နောက်မှာ မိခင်ဖြစ်သူဟာ ခေါင်းဆောင်၏ဇနီးပီသစွာ စိတ်ကိုပိုင်းဖြတ်၍ ကလေးငယ်ကို သန့်စင်ပေးပြီး အနီးကောင်းကောင်းထုတ်ကာပွေ့ချီလိုက်တော့သည်။

ကလေးငယ်ကို သေချာစွာပွေ့ချီ၍ ရဲတိုက်ထဲက ထွက်လာခဲ့တယ်ဆိုရင်ပဲ အလင်းတန်းများသည် ရုတ်ချည်းဖြာကျလာကာ မီးမောင်းထိုးပြလာသလိုရှိတော့သည်။ကလေးငယ်သည် ယခုထက်တိုင်အပူအပင်မရှိ အိပ်ပျော်နေဆဲဖြစ်သည်။

ခေါင်းဆောင်သည် ဇနီးကို အရင် မြင်းပေါ်သို့ပွေ့တင်လိုက်ကာ သားငယ်ကို တစ်ဖန် ဇနီးထံသို့ပွေ့ချီပေးပြီး ကိုယ်တိုင်လဲ မြင်းပေါ်သို့ တက်လိုက်သည်။ ဆရာချွဲနဲ့အတူ အခြားသော အစောင့်တပ်သားတို့သည်လဲ နံဘေးမှသည် မြင်းကိုယ်စီနှင့်ခြံရံကာ ရိုးမတောစပ်ဆီသို့ချီတက်လာခဲ့ကြပါ၏။ ‌ရှင်းရာ၀န်းသည် တောင်ကုန်းတစ်ကုန်း၏ နာမည်တစ်ခုဖြစ်ပြီး ဤ ရှင်းရာ၀န်းကို အပိုင်စိုး၍ အုပ်စိုးသူ ခေါင်းဆောင်သူသည် ရှင်းရာ၀န်းခေါင်းဆောင် ဖြစ်လာခဲ့ပြီး ရှင်းရာ၀န်းသည် သီးသန့်နယ်မြေတစ်ခုဖြစ်လာ၏။ အဘယ်ကြောင့်ဆိုသော် ရှင်းရာ၀န်းသည် တစ်ခုတည်းသောလူသားမျိုးစိတ်တို့ နေထိုင်ရာ နေရာတစ်ခုဖြစ်သောကြောင့်ပင်..

'MAGIC STORY 'Where stories live. Discover now