Ep 1 (Z)

2.6K 35 0
                                    

ဘုရင့်နန်းဆောင် တစ်နေရမာမှာ
သားတော်လေးဖွားမြင်ဖို့ အခက် တွေ့နေတဲ့
မိဖုရားနဲ့ နန်းတွင်းဆေးဆရာ ကြီးတို့ အပူတပြင်း ရှိနေကြတယ်

မိဖုရားကြီးသတိလွတ်သွားတော့ အဘေးမှာကူနေတဲ့ မောင်းမတော် နှစ်ပါးနဲ့ နန်းတွင်းဆေးဆရာကြီးတို့ ဘုရင်မင်းကြီးကို အပူပြေးကပ်ရတော့တယ်

"မိဖုရား ကြီး မီးဖွားဖို့ အတော်အခက်တွေ့နေပါတယ် အရှင်မင်းကြီးဘုရား.."

မှူးမတ် တွေလည်း  အဘေး မှာ ခြံရံပြီး မိဖုရားကြီးမီးဖွားတာကို မျော်နေကြတယ်

ထိုစကားကိုကြားပြီး အကြံပေးမှူးမတ်ကြီးက

"အရှင် မင်းကြီး ကျွန်တော် မျိုးလျောက်တင်ချင်ပါတယ်ဘုရား.."

"လျောက်တင်စေ..."

"မိဖုရားကြီး မီးဖွားလွယ်ကူစေဖို့
နတ်အတင်စေဖို့ ပါ ဘုရား ..
ဒီလိုအချိန်အခါက ကြုံတောင့်ခဲတာမို့
နတ် မင်းတွေရဲ့  ‌စောင်မ မူ့ကို တောင်းဆိုပြီး
ရယူဖို့ပဲ ကျန်ရှိကြောင်း လျောက်တင်ပါတယ် ဘုရား.."

"...."

ဘုရင်မင်းကြီးလည်း သေချာစဉ်းစားပြီး
နတ်တင်ဖို့ သဘောတူလိုက်တော့တယ်

"တယ်...မှူးမတ်တို့ စီမံပြီး ငါကိုယ်တော် ဦးစီးမှာမို့ နတ်ပွဲကို အမြန် စီမံစေ..."

"မှန်လှပါ မင်းကြီးဘုရား..."

နန်းဆောင်တွင်းက မိဖုရား ကြီးက သတိမေ့နေတာ ကြောင့် လောကကြီးကို ထိတွေ့လာမယ့် မင်းသား လေးအတွက် မှူးမတ် တွေက
အပူမီးတွေ ကြီးနေကြတော့တယ်

နတ်ပွဲကို စီမံပြီး ဘုရင်မင်းကြီးက  နတ်စင်ရှေ့မှာ ထိုင်တော်မူပြီး နတ်ပင့်နေတဲ့
နတ်ဆရာကို ကြည့်နေလေတယ်..."

ထိုအချိန်...
နတ်ပင့်သံတွေပျောက်ရှကုန်ပြီး အားလုံး တိတ်ဆိတ် သွားတော့တယ်

ဘေးကမှုးမတ်တွေ လည်းအကြောင်းမရှိငြိမ်သက်နေတယ်
ကခုန်နေတဲ့ နတ်ဆရာလည်း အကြောင်းမရှိရပ်တန့်နေတယ်

"အဘယ်လို ဖြစ်ပါသနည်း...?"

"အသင် လူသား...."

ရုတ်တရက် ဖွားကနဲ ပေါ်လာတဲ့ သိကြားနတ်ဝတ်ရုံနဲ့ ချောမောပြီး ကျက်သရေ အဖြာဖြာပြည့်စုံနေတဲ့ ဂုဏ်ရောင်နဲ့ နတ်မင်းတစ်ပါး...

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now