Ep24(U)

2.6K 119 3
                                    

ခန့်သွင် သာမြတ်နဲ့အတူ ပွဲကိုပြန်လာသည်

သူသူ့ကြောင့် ချမ်းအေး ထပ်ခံစားရမှာကို မလိုချင် ရှေ့တိုးဖို့လည်း ခက်သလို ပြန်ဆုတ်ဖို့ကလည်း မဖြစ်နိုင် ပုံမှန်မဟူတ်တဲ့ အချစ်တစ်ခုကို တည်ထောင်ရတာ မလွယ်ကူတဲ့အပြင်ကို အခု ထပ်ပြီး ကြုံလာရမယ့် ကံကလည်း မနှစ်မြို့ဖွယ်

"ဟင်း......."
တွေးရင်းသက်ပြင်းချနေမိသည်

---------ရှေးအတိတ်

အရှင် နေမကောင်းခင် တစ်ရက်က

"အရှင် ..!! အရှင်. .!"

"ကိုယ်တော် ဒီမှာ အသင်.."

သူကြည့်လိုက်တော့ ပန်းရုံလေးနားမှာ ပန်းတွေနဲ့အတူအပြိုင်လှ နေတဲ့ ချစ်မြတ်နိုးရတဲ့အရှင်

" အသင် ဒီမှာ လာကြည့်လှည့်.."

"ဒီမှာ ကြည့် ဒီပန်းတွေက ဘယ်တော့မှ မညိုးနွမ်းမဲ့ ပန်းတွေလေ.."

"မညိုးဘူး.."

"မှန်တယ် အသင် ကိုယ်တော်တော့ ဒီပန်းတွေကို အားကျတယ် ဒီပန်းတွေ လို ကိုယ်တော် နဲ့ အသင် ရဲ့ ချစ်ခြင်းတွေလည်း အစဥ်ထာဝရ ရှိပြီး ကတိတွေ လည်းတည်ချင်မိတယ်..",

" အရှင် ဖြစ်စေချင်ရင် ကျွန်ုပ် ကတိကိုတည်ဖို့ အဆင်သင့် ပါအသင်..",,

သူအရှင်ရဲ့ လက်ဖဝါး နုနုလေးကို ဆုပ်ကိုင် ပြီး ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံကို ကြည့်ပြီး

"ကျွန်ုပ် အရှင့် ကို ချစ်မြတ်နိုးကြောင်းကို ကျွန်ုပ် ရဲ့ မွေးမိခင်ကို တိုင်တည်ပြီး ကတိသစ္စာပြု ပါတယ်
ကျွန်တော်မျိုး အရှင့်ပေါ်မှာ ဘယ်တော့မှ မကုန်ဆုံး မသေဆူံးနိုင်တဲ့ ချစ်ခြင်းတွေနဲ့ တစ်သက်ပန် လူံး ချစ်မြတ်နိုးသွားပါ့မယ်.."

ထို့နောက် အရှင်က လှပတဲ့ အပြုံးကို ထပ်ဖော်ပြပြီး

" ကိုယ်တော် ယုံကြည် ပါတယ်အသင်.."

မျက်ရည်စတွေ ဝဲတက်လာပြီး မျက်ရည်ဥ လေးတွေ တွဲခိုနေတဲ့ကော့တက်နေတဲ့ မျက်တောင်လေးတွေကို ကြည့်ပြီး မျက်ခွံလေးကို ငြင်သာစွာ ထိကပ်ပြီး နမ်းလိုက်သည်

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Donde viven las historias. Descúbrelo ahora