Ep17(Z)

770 17 0
                                    

ညက သူတို့နှစ်ယောက် အိပ်မပျော်ကြပေ

ချမ်းအေးက သွေးပူတုန်းခန ခန့်သွင်ကိုဖက်ခိုင်းတာမို့ အခုတော့ ရှက်ကာ ခေါင်းမြီးခြုံ ကာ နေလေတယ်
ခန့်သွင်ကလည်း အဘေးမှာစောင်းအိပ်နေပြီး ချမ်းအေး သူ့ကိုစကားစလာမလားလို့ စောင့်နေလိုက်တယ်

တအောင့်ကြာတော့

"အကို.."

"ဟင် ပြောလေ ကလေး.."

"ဟိုစာလေ အကိုပြောဖူးတယ်မလား အကိုကအတိတ်ကိုမှတ်မိတယ်လို့ ပြီးတော့ အရှင် လို့ပြောတဲ့သူကလေ ကျွန်တော်နဲ့ တကယ်တူတာလားဟင်.."

မရဲတရဲနဲ့ ခေါင်းမြီးခြုံ ကာမေးနေတဲ့ချမ်းအေး

"အော အ့တာ လား အင်...ပြောရရင် ကို အသက် ၂၀ လောက်မှာ အဖျားကြီး ဖျားပြီး မျောသွားတယ် ကို မျောသွားတဲ့ အချိန် မှာ ကိုက တစ်နေရာကို ရောက်နေပြီ ပြီးတော့ ကို့ရှေ့မှာလည်း အရမ်းကိုကျက်သရေရှိပြီး ချောမောတဲ့ မင်းသား ငယ်ကိုတွေ့လိုက်တယ်..."

<<<<<<<<<<အတိတ်နေ့ရက်ဆီသို့.....

"အသင် .. ကိုယ်တော်ရဲ့ သက်တော်စောင့် ကို အလိုရှိသလား..?"

သက်တော် ၁၃ နှစ်ခန့် ပဲ ရှိသေးတဲ့
အရှင်သုဒ္ဒမဟော်က ဆိုလာတယ်
သူလည်း လက်ရုံးနှလူံးရည်နဲ့ပြည့်စုံလွန်းတာမို့ အသက်၁၈ လောက်တည်းက စစ်သူကြီးရာထူးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်

"ကျွန်တော်မျိုး သဘောတိုင်းမလျောက်တင်ဝံ့ပါဘူးအရှင်.."

" အ့ဆို ဖဖုရားကို တောင်းဆိုပြီး ကိုယ်တော့်အဘေးမှာ ထားဖို့ နားပူနားဆာတိုက်ရင်ကော အသင် နေဝံ့လောက်သလား..?"

"အရှင့်အမိန့်တိုင်းပါ .."

ထိုချိန်ကတည်းက သူအရှင်ရဲ့ ဘေးမှာ အချိန်တိုင်း ရှိနေခဲ့ရတော့တယ်အရှင်က နေ့ခင်း ကို ရေတံခွန် ဘေးက ကျောက်ဖျာပေါ်မှာ ထိုင်ပြီး အရှင်အကြိုက် ပန်းသီးတွေကို စား ရင်း ရေတံခွန် အလှကို ကြည့်နေတက်တယ်
ထိုအချိန်မှာ အစေခံ တွေကို မသုံးပဲ သူ့ကိုပဲ ခေါ်ကာ အနားမှာ ရှိနေစေတယ်

အဘေးကနေ မြင် နေရလည်းအရှင်ဟာ ငယ် ရွယ်ပြီး ချောမောလွန်းတာကြောင့် သူ့စိတ်ကိုလည်း ချုပ်တည်းထားရလွန်းတယ်
နန်းတွင်းအပျိုတော်နဲ့လက်ဆက် ဖို့ ဘုရင်မင်းမြတ်က တိုက်တွန်းပေမယ့်လည်း ဘယ်နန်းတွင် မယ် ကိုမှ စိတ်ထဲမလာ

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now