Chapter 55

7.2K 402 12
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 55

Mine က jack မျက်နာကိုသွေးတွေအိုင်နေတဲ့အထိထိုးနေရတာတောင် မကျေနပ်သေးတဲ့အပြင် သူခါးကြားပါလာတဲ့ သေနတ်ကိုထုတ်ကာ jack ရဲ့နဖူးတည့်တည့်ကို ချိန်လိုက်တော့......

"Sorry ! Mine !!! please"

သူ့ကိုသတ်မှာဆိုးလို့ဖြစ်ပျက်နေတဲ့ jack မျက်နာကိုကြည့်ကာ H ကိုမျက်လုံးထဲမြင်လာတဲ့အခါ သေနတ်ဖင်တဲ့ သူ့မျက်နာကို ရိုက်ချပစ်လိုက်သည်။

စေညွှန်းရာကတော့ သူ့စေရာလက်ကသေနတ်ကိုင်ထားတာကို မယုံကြည်ခြင်းများစွာနဲ့သာကြည့်နေမိသည်။ကြည့်ပါဦး ရှေ့နေတစ်ယောက်က သေနတ်ကိုင်ပိုင်ခွင့်မရှိတာ ကိုယ့်ထက်ပင် သူ့ကပိုသိသည်မဟုတ်လား။

"Mine !!!"

သူမျက်လုံးထဲ ဘာမှမမြင်နိုင်တာက ဒီလူကြောင့် သူချစ်ရတဲ့ ချစ်ဇနီးရင်ကွဖမြတက်ငိုကြွေးခဲ့ရတဲ့ မြင်ကွင်းတွေ။H ရဲ့အခုထိသတိမရသေးပဲ ကုတင်ပေါ်မှာငြိမ်သက်ပြီး ကိုမာဝင်နေတာတွေက ဒီလူကြောင့်ဆိုတဲ့စိတ်ပဲရှိသည်။

စေညွှန်းရာလည်း အထူးအဆန်းနဲ့ကြည့်နေရာက သူ့စေရာက အသေသတ်ဖို့ပြင်နေတာကို သတိထားမိသွားတာကြောင့် ဝင်ပြီးတော့လက်ကိုဆွဲတော့ ဟိုကဒေါသအရှိန်နဲ့မို့ ဘယ်သူဘယ်ဝါမမြင်နိုင်ပဲ သူ့ကိုပါတွန်းထုတ်သည်။

"Mine !! မလုပ်နဲ့"

ဒိုင်း.....

သူတို့ကိုစိတ်မချလို့လိုက်လာတဲ့ ကျော်စွာလည်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်ကအော်လိုက်ပင်မဲ့ Mine ကဗိုက်ကိုတေ့ချိန်ကပစ်ချလိုက်ပြီး ဖြစ်သည်။Mine လုပ်ရပ်ကြောင့် ကျော်စွာက သူ့နောက်ကသူ့လူတွေလိုက်မလာခင် Mine လက်ထဲက သေနတ်ကို ပုတ်ချကာ ခြေထောက်နဲ့ တစ်ခြားတစ်နေရာကို ကန်ထုတ်ပစ်လိုက်သည်။

သူပစ်လိုက်တဲ့သူက အပြစ်သားဆိုပင်မဲ့ သူလို ရှေ့နေတစ်ယောက်က သေနတ်ကိုင်နေတာနဲ့အပြစ်ဖြစ်နေပြီ။အခုကသေနတ်နဲ့ပစ်လိုက်တာဆိုတော့ သူကိုလွှတ်အောင် သူလုပ်ပေးလိုက်ခြင်းပင်။ဒီလိုလုပ်ပေးတယ်ဆိုတာ ဒီကလေးရဲ့နာကျင်မူကို သိနေတာရယ် ဆောင်းလေးကအခုကိုယ်ဝန်ကြီးနဲ့ကို သူသာထောင်ကျသွားရင် တွေးလို့တောင်မရ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now