Chapter 56

7.3K 373 21
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 56

H စျာပနပြီးတော့ Mine သူ့အလုပ်တွေပြန်စပြီး သာမာန်ဘဝမနေခင်လေး H ရဲ့အုတ်ဂူဆီလာက သူမရှိရင်သောက်နေကြ ဝီစကီပုလင်းကိုပါ သူ့အုတ်ဂူရှေ့ချပေကာ ပန်းစည်းလေးကိုပါတင်ပေးလိုက်သည်။

"H မင်းနဲ့ဆုံတွေ့ခွင့်ရတာက ငါ့ဘဝတစ်လျှောက် ကံအကောင်းဆုံးပါပဲ.....တလောကလုံးမှာ ငါ့အပေါ်နားအလည်မူအရှိဆုံးကမင်းပဲ"

ကိုယ်ကိုပြန်မပြောမှန်းသိပင်မဲ့လည်း သူမရှိတော့တာကို လက်ခံလို့မရတာသေချာသည်။H ဒီအခြေအနေထိရောက်သွားတာကလည်း သူအသက်ရှင်သန်ရေးအတွက် ဆေးရုံရောက်အောင်ပို့ပေးခဲ့လို့။သူ့စေရာ ဒီနေရာမှာအခုလိုထိုင်နေနိုင်တာ H ရဲ့စွန့်လွှတ်အနစ်အနာခံမူတွေကြောင့်။ပူတူးနဲ့မတွေ့ခင် လွန်ခဲ့တဲ့ 3နှစ်လောက်က သူမေးဖူးတာလေး....

"Mine လိင်တူချစ်တာကို သဘောကျလား"

"ဘာလည်းမင်းကငါ့ကိုသဘောကျနေတာလား!....အချစ်ဆိုတာ လိင်သတ်မှတ်ချက်မရှိပါဘူး"

ဆိုကာ H မေးတဲ့မေးခွန်းကို သူပြန်ဖြေခဲ့သည်။အဲ့တုန်းကတော့ H ကဘာကိုဆိုလိုတယ်ဆိုတာ သူတကယ်ကိုမသိခဲ့တာ။ဒါပင်မဲ့ သူတို့ပထမလူပျိူ ဘဝမှာနေတဲ့ကွန်ဒိုမှာ သူကူးခိုင်းထားတဲ့ ဥပဒေစာရွက်ကို လာမပေးလို့ H နေတဲ့အခန်းထဲဝင်ရင်း H အမြဲလက်မှာကိုင်ထားနေကြစာအုပ်ကိုတွေ့တော့ သူဖွင့်ဖတ်လိုက်တဲ့အခါ H ရဲ့သူအပေါ်ထားရှိတဲ့ စိတ်ကိုသူသဘောပေါက်သွားခဲ့တာ။

H သူ့အပေါ်ကို ချစ်နေတာသိပင်မဲ့ သူသိနေတယ်ဆိုတာကိုတော့ မပြောဖြစ်ခဲ့။ကိုယ်မှပြန်မချစ်နိုင်တာကို သူကိုပိုပြီး မနာကျင်စေချင်တဲ့စေတနာနဲ့ပါ။ကိုယ့်အပေါ်အဲ့လို အသတ်နဲ့ရင်းပြီး ကာကွယ်မှာသိလို့တောင် အန္တရာယ်ရှိမဲ့ကိစ္စတွေဆို သူ့ကိုမပြောခဲ့တာတောင် သူဒီလောက်ထိဖြစ်သွားခဲ့ရသည်။

"ငါဆိုတဲ့ကောင်ကိုလေ ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်ထဲပဲ လိုလိုချင်ချင်ရှိခဲ့တာ....ငါကဘယ်သူအတွက်မှ အရေးပါအရာရောက်တဲ့သူမဖြစ်ခဲ့ရင်တောင် မင်းအတွက်အရေးပါတဲ့သူတစ်ယောက်ဖြစ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now