ရူတိုမွေးနေ့ပြီးတဲ့နောက်ကိုကိုနဲ့ရူတို
သိပ်မတွေ့ရတော့ပေ....ကိုကို့ကိုမေးလိုက်တိုင်းမအားနေတာကြီး
ပဲသူပဲစိတ်ထင်လို့လားမသိဒီရက်ပိုင်း
ခံစားချက်တွေမကောင်းဘူး...ဒီနေ့တော့မဖြစ်မနေကိုကို့ကိုတွေ့ရမည်
သူလာအိပ်တာလဲလက်မခံမနက်ပိုင်းလဲ
သူမရောက်ခင်အလုပ်အစောကြီးသွားနဲ့
အလုပ်ကိုလိုက်သွားလဲအစည်းဝေးဆို
တာကြီးပဲကိုကိုဘယ်ခြေလှမ်းတွေလှမ်း
နေတာလဲဗျာ..."သားလေးဒီနေ့အစောကြီးထလို့ပါလား"
"အင်းဟုတ်တယ်ကိုကို့စီသွားမလို့"
"သွားနှုတ်ဆက်မလို့လား
မေမေလဲသားကိုအဲ့ဒါပြောမလို့
မေမေမလိုက်နိုင်တော့လက်ဆောင်ကို...""နေ...နေဦးမေမေ...ဘာကိုနှုတ်ဆက်
တာလဲ"ရူတိုစကားကြောင့်ယူမီတောင်နား
မလည်သလိုဖြစ်သွားရသည်..."ဟားး...သားဘာတွေပြောနေတာလဲ
ဒီနေ့သားကိုကိုဂျပန်သွားမဲ့နေ့လေ
သားမေ့နေတာလားကြည့်စမ်းမင်း
ကိုယ့်အကိုအကြောင်းဆိုဘာမှစိတ်
မဝင်စားဘူးပဲ"မေမေရဲ့စကားကိုရူတိုကြားသလိုမကြား
သလိုဖြစ်နေသည်...
ကိုကိုကသူ့ကိုဘာမှမပြောဘူး...
ကိုကိုသူ့ကိုဂရုမစိုက်တော့ဘူး...နောက်မှဘာမှမဖြစ်သလိုဟန်ဆောင်ပြီး...
"ဘယ်...ဘယ်နှစ်ရက်ကြာမှာတဲ့လဲ"
"ဟမ်...သားတကယ်ကြီးမသိတာလား
ကြည့်ရတာသားဝမ်းနည်းမှာစိုးလို့
မပြောတာထင်တယ်အနည်းဆုံးလေးနှစ်
လောက်အဲ့မှာနေဖြစ်မယ်တဲ့လေ"ဝုန်း!!!
ရူတိုရုတ်တရက်ထရပ်လိုက်သည်...
"အမလေးလန့်တာဟ..."
"ဘာတွေပြောနေတာလဲမေမေကိုကိုက
ကျစ်..."ရူတိုဘာမှဆက်မပြောတော့ပဲကားသော့
ဆွဲပြီးထွက်လာခဲ့လိုက်သည်...ကားမောင်းနေရင်းမျက်ရည်တွေဝဲတက်
လာသည်...မေမေပြောတဲ့စကားကိုပဲနားထဲကြား
ယောင်နေမိသည်...
![](https://img.wattpad.com/cover/345079370-288-k685794.jpg)