Part-10

153 28 6
                                    

"ဟယ်လို..."

တစ်ဖက်ကဖုန်းကိုင်လိုက်တဲ့သူရဲ့အသံ
ကိုကြားရတော့ရူတိုလက်တွေတုန်လာ
ရသည်...

ဘာစကားမှမပြောမိပဲဖုန်းကနေတစ်ဆင့်
ခံစားရတဲ့အသက်ရှူသံဖြေးဖြေးလေးကို
ရေတွက်နေမိသည်...

"ဟယ်လို...ဘယ်သူလဲမသိဘူးဗျ"

ဘာသံမှထွက်မလာတဲ့ဖုန်းမျက်နှာပြင်
ကိုကြည့်ပြီးသူ့ဖုန်းများပျက်နေပြီလား
လို့ယိုရှီတွေးမိသွားသည်...

ခနနေမှကျသွားတဲ့ဖုန်းကောလ်လေးကို
ကြည့်ပြီးသူ့ဖုန်းပျက်တာမဟုတ်ပဲ
တစ်ဖက်လူဖုန်းကပျက်တာပဲဖြစ်လိမ့်
မည်ဟုတွေးမိသွားသည်...

လွန်ခဲ့တဲ့တစ်လလောက်ကနေစပြီး
သူ့စီကိုညတိုင်းဒီလိုဖုန်းစိမ်း
တွေခနခနဝင်လာတတ်သည်...

အစောကတော့ရူတိုများလားလို့တွေး
မိပေမဲ့တကယ်ကမဖြစ်နိုင်ဘူးလေ
ဒီကလေးကသူမရှိလဲနေပျော်တာပါပဲ...

ယိုရှီအတွေးမများတော့ဘဲအိပ်စက်
ခြင်းစီသို့ပြန်လည်ကူးလူးသွားလိုက်
သည်...

တစ်ဖက်မှာတော့အခန်းထဲမှာငူငူငိုင်ငိုင်
ထိုင်နေတဲ့ကောင်လေးတစ်ယောက်

"ကိုကိုကတော့နေနိုင်လိုက်တာ‌ဗျာ..."

ဒီသုံးလအတွင်းသူ့ကိုတစ်ခါမှဆက်
သွယ်မလာခဲ့ဘူး...သူကသာမနေနိုင်ပဲ
ဖုန်းကဒ်အမျိုးမျိုးနဲ့ဆက်သွယ်မိနေတာ...

"အဟက်...ချစ်တယ်ပြောပြီးတော့..."

အခုရူတိုသူ့စိတ်သူတောင်မသဲကွဲတော့
ဘူးသူကိုယ်တိုင်ပဲငြင်းဆန်နေမိခဲ့ပြီးမှ
တကယ်ကြီးမနေနိုင်နေတာကလဲသူပဲ
ဖြစ်နေတယ်...

မဖြစ်နိုင်တာကြီးကိုကိုရာ...ခင်ဗျားက
ကျတော့ဘာလို့နေနိုင်နေရတာလဲ...

"မတရားလိုက်တာ..."

အိပ်ပျက်ညတွေများလွန်းလို့သူ့မျက်
ကွင်းတောင်ညိုနေပြီကိုကိုသာရှိရင်

'ရူတို...အိပ်ရေးပျက်တာမကောင်းဘူး
စောစောအိပ်ရမယ်နော်'
ဆိုပြီးတော့ပြောလေမလားဒါမှမဟုတ်

'ရူတို...ညနောက်ကျမှအိပ်တာကိုကို
မကြိုက်ဘူးနော်...'
ဆိုပြီးတော့များဆူငေါက်မလား...

ကျွန်တော် ကိုကို့ကို.....Where stories live. Discover now