Chapter 57

8.1K 419 19
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 57

ဆေးရုံကကုတင်ပေါ်မှာ မျက်နာလေးဖြူဖျော့စွာ ဘယ်ဘက်လက်မှာလည်းဆေးချိတ်ထားရတဲ့သူမက ကုတင်နောက်ကနံရံကို ခေါင်းဉီးကိုထောင်ကာ မှီပြီးထိုင်နေသည်။

"ကိုယ် ဗိုက်ထဲက ကလေး 4ယောက်ရဲ့အသက်ကိုမှမထောက် ဆောင်းဉီးလွင် သမီးလုပ်လိုက်ရင် အဆုံးပဲ"

"ဟုတ်တယ် သမီး....ဖေဖေ သမီးကိုဘယ်တုန်းကမှစိတ်မဆိုးဖူးဘူး အခုတော့....သမီးကြောင့် ဗိုက်ထဲကကလေး 4ယောက်သေမလိုဖြစ်ရတာ"

ဆောင်းသစ်တုံးပေါ်ကပြုတ်ကျတော့ မှောက်ရပ်ဆိုပင်အဲ့ ဒူး နဲ့ တံတောင်ကအရင်ထောက်လိုက်တာကြောင့် ဗိုက်ကိုမထိပဲသွေးဆင်းတာကလည်း လန့်သွားတာကြောင့်ပင်။တော်သေးတာက ကလေးတွေကလနုသေးတာ ဘာမှမဖြစ်သွားတာကိုပင် အဆိုးထဲကအကောင်းပြောရပေမည်။

သူမကို မေကြီး နဲ့ ဖေကြီးက ဆူနေကြပင်မဲ့ အန်တီလေးကတော့ဘာမှမပြော။သူမ ဒီလိုဆေးရုံတက်ရတာကို အန်တီလေးက ပဲရစ်ကိုအကြောင်းကြားထားတယ်ဆိုတာကြောင့် သူလာရင် သူမဘယ်လိုပြောရမလဲ။သူကဟိုမှာအသက်အန္တရာယ်နဲ့ဆိုင်တဲ့အလုပ်လုပ်နေချိန်မှာ သူမကအလုပ်ပိုပေးမိပြီလား။

ကျွီ

သူမတွေးနေတုန်း အခန်းတံခါးကပွင့်လာတော့ သူလာတာလားလို့ အားကိုးတကြီးကြည့်လိုက်ပင်မဲ့ သူမထင်ထားသလို သူမဟုတ်ပဲ သူ့အမေ ဒေါ်စံပယ်ဖြူဖြစ်နေတာကြောင့် မျက်နာကိုတစ်ဖက်ကိုလွဲပစ်လိုက်မိသည်။ကိုယ့်ကြောင့်ကလေးထိခိုက်မလိုဖြစ်လို့ သူကိုမျက်နာပူကာ လှည့်တာမျိူးမဟုတ်ပဲ ဒီမိန်းမကိုမမြင်ချင်လို့ကို တစ်ဖက်လှည့်တာဖြစ်သည်။

"ဘယ်လိုတောင် နမောနမဲ့နိုင်ရတာလဲ....ဗိုက်ထဲက ကလေးအသက်ကို တန်ဖိုးမထားဘူးလား"

သူမကို မနေကပြောခဲ့တဲ့မိန်းကလေးကို လုံးဝမကျေနပ်တာကြောင့် သစ်တုံးပေါ်ကတွန်းချဖို့လုပ်ခဲ့ပင်မဲ့ ကံကြမ္မာက သူမအပြစ်မကျအောင် သူဘာသာစီစဉ်ပေးသွားတာမို့ အခုသူမပြောရမဲ့အလှည့်မို့ အိမ်မှာကတည်းကအားမွေးလာသည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now