👨💼 ချစ်ရပါသော ရှေ့နေလေး👨💼Chapter ~ 58
"ကိုနေ မိန်းမကမမိုက်ပါဘူး ဗျာ....ကိုယ့်ယောကျာ်းပြောတာကြ နားမထောင်ပဲ ကောက်နေတာကြီးက"
သူများကိုသာဆရာကြီးလုပ်တာပါ ကိုယ်ပူတူးကြအချိန်တိုင်းစိတ်ကောက်နေတာကိုတော့ သူပူတူးကအငယ်မို့ဆိုးတာဖြစ်ကြောင်းဖြည့်တွေးရသည်။ကိုနေ မိန်းမကကိုယ့်ထက်ငယ်တဲ့ယောကျာ်းရထားတာတောင်ရစ်နေတာ။
"မင်းကသူ့ယောကျာ်းရှေ့လာပြီး သူ့အတင်းပြောနေတာလား"
"ကျွန်တော်ကဖြစ်သင့်တာကိုပြောတာပါ...ဒါနဲ့ chef လိုချင်တာရတယ်မဟုတ်လား...မြန်မာပြည်မှာ အကူအညီတောင်းစရာဆိုလို့ အစ်ကိုပဲရှိတာ"
တကယ်တက်လည်းတက်နိုင်တဲ့ကောင်။ရှေ့နေဆိုတဲ့အတိုင်း သူများကူညီချင်အောင်လည်းပြောတက်တယ်။ဒါပင်မဲ့ အချစ်ရေးအချစ်ရာမှာတော့ သူကိုမမှီသေးတာကခတ်တာ။
"အေးပါကွာ လိပ်စာကိုငါကို emailကနေပို့ထားလိုက် chef ကို မနက်ပိုင်း နဲ့ ညနေပိုင်းလွှတ်ပေးမယ်"
ကိုနေက chef လွှတ်ပေးမယ်ဆိုတာကို သဘောတူလိုက်တာနဲ့ သူကထိုင်နေရုကထပြီးမက်တပ်ရပ်လိုက်တာကြောင့် နေမင်းလက်ရာ ကသူ့ကိုမော့ကြည့်တာမို့....
"ကျွန်တော်ပြန်တော့မယ် အစ်ကို ဆေးရုံမှာပူတူးကိုထားခဲ့ရတာ....အန်တီတို့ကဆူနေမှာဆိုးလို့"
"ငါထထိုးလိုက်ရင်မင်းတော့ သေတော့မယ်....တော်တော်ကောင်းတဲ့ကောင် သူလိုချင်တာလည်း ရရောချက်ခြင်းကို ထပြန်ဖို့ပြင်တာပဲ....ငါကမပြန်ဖို့ပြောရင်လည်း ကိုယ့်မိန်းမနဲ့အဆင်မပြေတိုင်း စိတ်ပုတ်တယ်ဖြစ်ဦးမယ် ကြွ"
ကိုနေစကားကြောင့် သူမှာတကယ်လည်းအားနားသွားရသည်။အားနာတယ်ဆိုတာကလည်း စိတ်ကသာအားနာနေတာ လူက ကိုနေရုံးခန်းအပြင်ေတာင်ရောက်နေလေပြီ။
သူလည်းကိုနေ Hotel ကနေထွက်လာပြီးတော့ သူမစားဖို့အတွက်စင်တာမှာ မုန့် နဲ့ ပဲနို့ဘူးတွေဝင်ဝယ်ရင်း ပဲရစ်ကနေဘာအဝတ်အစားမှမပါလာတာမို့ အဝတ်အစားလဲဝယ်ရသေးသည်။သူမ နဲ့သူအတွက်လိုအပ်တာလေးဝယ်ပြီး ဆေးရုံပြန်လာတော့ သူမကဆေးအရှိန် နဲ့ အိပ်ပျော်နေတာကို သူမမိဘတွေက ဆိုဖာပေါ်ထိုင်ကာစောင့်နေတာကြောင့် သူလည်းပါလာတာတွေကို လွတ်နေတဲ့နေရာမှတင်ကာ သူမ နိုးမလာခင် ဆရာဝန်နဲ့သွားတွေ့ဖို့ သူမမိဘတွေကို ခေါင်းတစ်ချက်သာငြိမ့်ပြပြီးထွက်လာလိုက်သည်။
![](https://img.wattpad.com/cover/335833881-288-k164716.jpg)
YOU ARE READING
🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤
Romance"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫