🌺 Part 1 🌺

296 6 0
                                    

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺
-----------------------------------------------------

                     🌺 Part - 1 🌺

🛫 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် 🛫

'' ဒေါက်!......ဒေါက်!......ဒေါက်!.....''

ဒေါက်ဖိနပ်အဖြူလေးက
ခြေတံလှလှလေးမှာလှပစွာ
ပေါင်လည်ခန့်သာရှိတဲ့
ဂါဝန်ဖြူဖြူလေးကဝဲလျှက်
တင်ပါးဖုံးထိရှည်နေပြီဖြစ်တဲ့ဆံနွယ်တွေကို
အဖျားနားမှာအလိပ်လိပ်လေးတွေလိပ်ထားကာ
ရွှေအိုရောင်လေးဆိုးထားပုံက
ဖြူဝင်းတဲ့ခယောင်းအသားအရေနှင့်လိုက်ဖက်စွာ
အခုဆို သူမအသက် 24နှစ်ပင်ပြည့်လေပြီ

ခယောင်းမြန်မာပြည်ကိုခြေချချခြင်း
သူ့ရင်ထဲဝင်လာတာအမုန်းတရားတွေပင်
3နှစ်လုံးလုံး ခယောင်းကိုကြက်ကလေးငှက်ကလေးတစ်ကောင်လိုချုပ်နှောင်ခဲ့တာ
ဘယ်သွားသွားအစောင့်အရှောက်နဲ့
ခယောင်းကိုအပြစ်သားတစ်ယောက်လိုစောင့်ကြည့်ခဲ့ကြလေသည်
ဒီဇိုင်းနာဖြစ်ချင်သည့်သူမအိပ်မက်ကြောင့်
ဒီဇိုင်းကျောင်းတက်သည့်အချိန်မှလွဲ၍
သူမမှာအပြင်ထွက်မရှိခဲ့
ဒါတောင် စောင့်ကြည့်တဲ့သူတွေနဲ့ကျောင်းတက်ခဲ့ရသည်မဟုတ်လား
ဒါတွေအားလုံးက ဟိုလူကြောင့်
အကြောင်းပြချက်ကလဲ
ပိုင်ရှင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုချစ်မိလို့တဲ့လေ
ဟားတိုက်ပြီးသားရီပစ်ချင်တယ်
ခယောင်းအဲလောက်တောင်ပြစ်မှုကြီးခဲ့သလား
3နှစ်လုံးလုံး
တိရိစ္ဆာန်တစ်ကောင်လို
လှောင်အိမ်ထဲမှာစောင့်ကြည့်ခံဘဝနဲ့
ခ​ယောင်းနေခဲ့ပြီးပြီ
အခု ခယောင်းပြန်လာတာ
ရှင်နဲ့ကွာရှင်းပြီး
ခယောင်းရဲ့လွတ်လပ်တဲ့ဘဝကိုရဖို့ပဲဦးအမှောင်ခွင်း

'' သခင်မလေး!.....Bossကစံအိမ်မှာစောင့်နေဖို့ပြောထားပါတယ်
ဘယ်မှမသွားဖို့လဲမှာထားတယ်ဗျ ''

'' ကျစ် ''

အဲဒါတွေပဲ
လူကိုအဝေးကနေချုပ်ကိုင်ခဲ့တာ3နှစ်
ဒါတောင်အားမရ
ခုထပ်ပြီးချုပ်ကိုင်လို့ရမယ်ထင်နေတာလား
သည်းခံခဲ့တာအတိုင်းအတာကုန်ပြီဦးအမှောင်ခွင်း
ဒီချိန်ကစပြီး
ခယောင်းဖြူဘဝက my life my choiceပဲ

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺Where stories live. Discover now