🌺 Part 5 🌺

111 3 0
                                    

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺
--------------------------------–--------------

                     🌺 Part - 5 🌺

'' ခေါ်တိုင်းလာရအောင်
ကျွန်မက Taxiသမားမဟုတ်ဘူး ''

'' ဘာကွ!......''

သူမစကားကြောင့်
ခွင်းဒေါသထွက်ကာ
မျက်နှာကြီးရဲနေလေပြီ

'' ကျစ်.....ပြောစရာရှိတာပြော
အော်မနေနဲ့
ဒီအိမ်က ရှင်ပိုင်တာဆိုပေမယ့်
ဒီအခန်းကတော့
ကျွန်မအတွက်ပေးထားတာဆိုတော့
စည်းရှိပါ ''

'' သြော်.....သြော်.....''

မှတ်သားလောက်ပါပေတယ်
ဒီမိန်းကလေး အတော်ကိုအကြောတင်းမှန်း
ခွင်းသိလိုက်ပါပြီ

ခယောင်းသူ့အားမကြည့်ပဲ
ကွန်ပြူတာကရုပ်ရှင်ကိုသာကြည့်နေလေသည်

'' မင်းကိုငါစကားပြောနေတာနော်ခယောင်းဖြူ
သောက်ဂရုစိုက် ''

'' လိုလား.....''

'' ဘာ..... ''

'' သြော် ဂရုစိုက်ရလောက်အောင်
ရှင်ကဘယ်လောက်အရေးပါနေလို့လဲ ''

'' ဘာကွ ''

ခွင်း သူမphပြောနေတာကြားထဲကစိတ်တိုနေတာ
အခုသူမကိုအဲအကြောင်းပြောဖို့လုပ်တော့
ပိုစိတ်တိုရပြန်သည်

'' တောက်စ်......တော်ပြီခယောင်းဖြူ
မင်းကိုငါဘာစကားမှမပြောချင်တော့ဘူး ''

ခယောင်းပခုံးလေးနှစ်ဖက်သာတွန့်ပြလိုက်လေသည်
သူကတော့ဒေါသူပုန်ထပြီးအခန်းထဲကထွက်သွားလေရဲ့
ဟွန့် သိပ်နာသွားလားဦးအမှောင်ခွင်း
ရှင် ကျွန်မဘဝကို
အတ္တကြီးတဲ့ရှင့်အချစ်တွေအတွက်နဲ့
​ချုပ်ကိုင်ထားတဲ့အတွက်
ဒါပါးပါးလေးပဲရှိပါသေးတယ်
ကျွန်မနစ်နာမှုနဲ့ယှဥ်ရင်
ဘာမှမဟုတ်သေးဘူး

❤💛💚💙💜❤💛💚💙💜❤💛💚💙💜

Junction city

ခယောင်း ဝယ်စရာလေးနဲနဲရှိနေတာရော
လိုချင်တာလေးတွေ့ရင်ဝယ်ဖို့ရော
Shopping ထွက်လာခြင်းပင်

ခယောင်းလှည့်ပတ်ကြည့်နေစဥ်
ဆိုင်လေးတစ်ဆိုင်အရောက်
ဂါဝန်လေးတစ်ထည်ကိုတွေ့ပြီးမျက်စိကျသွားလေသည်
ပန်းဆီရောင်ဂါဝန်လေးက
ခြေမျက်စိထိဖုံးပြီး
ရိုးရိုးလေးနဲ့ခယောင်းမျက်လုံးထဲလှနေလေသည်
ခယောင်းလဲ ထိုဂါဝန်လေးဆီလက်လှမ်းလိုက်တော့
သူမလိုပဲထိုဂါဝန်လေးကိုလာကိုင်သည့်မိန်းကလေးတစ်ယောက်

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺Opowieści tętniące życiem. Odkryj je teraz