🌺 Part 2 🌺

239 3 0
                                    

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺
-----------------------------------------------------

                     🌺 Part - 2 🌺

'' အေး.....မင်းလင်ပဲ
မင်းလာခဲ့.....မင်းနဲ့ငါအိမ်ရောက်မှရှင်းမယ် ''

'' အို!......''

ခယောင်းသူမလက်ကောက်ဝတ်လေးအား
အတင်းဆွဲကာထွက်လာသောလူကြောင့်
လန့်သွားလေသည်
ဒီလူဘာလို့အဲလောက်စိတ်တိုနေရတာလဲ
ခယောင်းလဲဘာမှမလုပ်မိပဲ

'' တက်.....ကားပေါ် ''

''အ!.....''

ကားပေါ်တက်သာပြောတာ
သူကခယောင်းအားကားထဲအတင်းထိုးထည့်လိုက်တာကြောင့်
ခ​ယောင်းလက်နာသွားလေသည်

ခွင်း သူမကိုတွေ့တော့
ဘာကိုစိတ်တိုလို့တိုမှန်းမသိ
ဝတ်ထားတဲ့ပုံစံကလဲ
ယောက်ျားတကာပြစ်မှားချင်စရာ
နှုတ်ခမ်းနီကအရဲသားနဲ့
သူမကိုယ်သူမဘာထင်နေလဲမသိ

ခယောင်းစိတ်တိုနေဟန်ရှိသောသူ့ကြောင့်
ဘာမှမပြောပဲ
အသံတိတ်လိုက်လာလိုက်လေသည်
သူစိတ်တိုနေသည့်မျက်နှာကြီးက
ကြောက်ဖို့ကောင်းသည်မဟုတ်လား

ကားပေါ်မှာခယောင်းရောသူရော
အသံတိတ်ကာနေရင်းနဲ့
ခွင်းအိမ်သို့ရောက်လာလေသည်
ကားကိုဘယ်လောက်တောင်အမြန်မောင်းလာလဲမသိ
10မိနစ်ထဲနဲ့ပြန်ရောက်လာလေသည်

''ကျွီ!.......''

''အမေ့!......အ!......သေပါပြီ ''

ကားကိုဘယ်လောက်တောင်ဘရိတ်စောင့်အုပ်လိုက်သည်မသိ
ခယောင်းနှဖူးလေးနာသွားလေသည်

'' ဆင်းခဲ့!......''

'' အို......''

ဆင်းခဲ့လို့သာပြောတာ
သူကပဲခယောင်းလက်ကိုစောင့်ဆွဲချလေသည်
ဒီလူဘာဖြစ်ချင်နေတာလဲ
လူကိုအတင်းအကြမ်းလုပ်နေတာ
သူမွေးထားတဲ့သားသမီးများထင်နေလားမသိ

ဧည့်ခန်းထဲရောက်တော့
ခွင်းစိတ်တိုခဲ့သမျှပေါက်ကွဲပြီး
ခယောင်းအား ဆိုဖာပေါ်တွန်းချလိုက်ကာ

'' ပြော......မင်းဘာအချိုးချိုးတာလဲ ခယောင်းဖြူ
မင်းကငါ့ကိုသောက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောလား ဟမ်!.....''

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺Where stories live. Discover now