🌺 Part 4 🌺

127 6 0
                                    

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺
------------------------------------------------

                     🌺 Part - 4 🌺

'' ကိုကို!......''

'' ဟင်!......''

ချွဲပစ်သောအသံနဲ့ခေါ်သံကြောင့်
ခွင်းနောက်လှည့်ကြည့်လိုက်တော့
ဝတ်ထားတဲ့ပုံစံ
ပြင်လာတဲ့ပုံစံက
နားရင်းရိုက်ချင်စရာကောင်းလှလေသည်
ခွင်းဒေါသထောင်းခနဲထွက်သွားလေသည်

'' ကိုကို......ချစ်ကိုပလစ်ထားတယ်ပေါ့လေ ''

ခယောင်းအမူအယာပိုစွာ
သူ့ပခုံးပေါ်လက်တင်ပြီးသူ့ပေါင်ပေါ်ခပ်နွဲ့နွဲ့လေးထိုင်လိုက်လေသည်

'' ကိုကိုပြောတော့
ချစ်ကိုclubမှာလာတွေ့မယ်ဆို ''

'' ဘာ!....မင်း.....''

ခွင်း ဒေါသထွက်လွန်းလို့မျက်နှာကြီးရဲလာလေသည်
အခုလာတွေ့တဲ့သူတွေက
ဒုစရိုက်နယ်ပယ်ကလူဆိုရင်
ဒီပုံစံ ဒီအနေအထားတွေကပြဿနာမရှိပေမယ့်
ဟန်ပြစီးပွားရေးအဖြစ်ထောင်ထားသည့်Companyအတွက်ရှယ်ယာရှင်တွေဖြစ်နေတော့
ခွင်းကိုကြည့်တဲ့အကြည့်တွေကတစ်မျိုးဖြစ်နေလေသည်

ဒါ သူ့သိက္ခာကိုစော်ကားနေသည်မဟုတ်လား

'' မင်းဘာဖြစ်လာတာလဲခ​ယောင်းဖြူ
အေးဆေးပြန်လိုက်တာကောင်းမယ် ''

ခွင်း ခပ်တိုးတိုးလေးသူမနားနားကပ်ပြောလိုက်တော့
ခ​ယောင်းက အသံကျယ်ကြီးနှင့်

'' ဟင်.......ကိုကိုကချစ်ကိုနှင်နေတာပေါ့
အဟင့်......အခုတော့နှင်ပြီပေါ့
ချစ်ကိုစားတုန်းကစားပြီး......''

'' ဟာ.....ဟေ့.....မင်းဘာတွေလျှောက်ပြောနေတာလဲခယောင်းဖြူ
မင်းမရှက်ဘူးလား.....ဟမ် ''

ခွင်း အလုပ်အတွက်ရှယ်ယာဝင်မယ့်သူတွေကိုတစ်ဖက်
သူမကိုတစ်ဖက်ကြည့်ကာ
မျက်နှာပူလာရလေသည်

တောက်စ်.....မင်းတော့နော်

စိတ်ရှိလက်ရှိကိုင်ပေါက်ပစ်ချင်စိတ်တွေတဖွားဖွားပေါ်လာလေသည်
သူမကိုဝိုင်းကြည့်နေကြတဲ့ဆိုင်ထဲက
ပုရိသယောက်ျားတွေရဲ့အကြည့်ကလဲ
စားမတက်ဝါးမတက်

🌺 အတ္တနှင့်ချည်သောချစ်နှောင်ကြိုး 🌺Where stories live. Discover now