Chapter 59

7.8K 415 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 59

သူမဆေးရုံကဆင်းတော့ လူများရက်မနေတက်တဲ့ Mine က အန်ကယ်ကို ကွန်ဒိုတစ်ခန်းလောက်ရှာခိုင်းလိုက်သည်။ကွန်ဒိုကလည်း သူမတို့မိဘတွေနဲ့အနီးအနားမှာပဲရတော့အဆင်ပြေသည်။သူမမိဘတွေနဲ့အတူနေရမှာကို အဆင်​မပြေတာကိုသိတဲ့ သူမကလည်း သူခွဲနေချင်တာကို နားလည်တာမို့လက်ခံပေးသည်။

အန်ကယ်စီစဥ်ပေးတဲ့ကွန်ဒိုက အဆင်ပြေတာမို့လို့ သူတို့ရောက်တော့ အဆင်သင့်နေယုံပင်။ဟိုမှာရှိတဲ့ ကိုယ့်အိမ်လောက်မကောင်းပင်မဲ့ စျေးကြီးပေးဝယ်ထားတာကြောင့် Luxury တော့ဆန်လှသည်။ကျယ်ကျယ်ဝန်းဝန်းနဲ့ အခန်းတစ်ခုထဲပါတာကို ယူတာမို့ တော်တော်အဆင်ပြေသည်။

အခုလည်း သူမကအရှေ့မှာ TV ကြည့်ရင်းစားဖို့ သူကသစ်သီးတွေလှီးနေတာဖြစ်ပြီး  Google ကနေလည်း ကိုယ်ဝန်သည်နဲ့ပက်သက်တာတွေကို သစ်သီးလှီးရင်းနဲ့ကြည့်နေသေးသည်။သူမက အသီးထဲ ပန်းသီးပိုစားတာမို့ တစ်ခါထဲအခွံ့ပါခွာကာ တစ်လုပ်စာအစိတ်လေးတွေစိတ်ပြီး ခရင်းဇွန်းပါတပ်ပေးလိုက်သည်။

"ပူတူးရော သစ်သီးလေးစားလိုက်ဦး"

"ကိုကို ရှင့်မှာလဲသစ်သီးသွားလှီးတာတောင် အဲ့ဖုန်းကယူသွားသေးတယ်......ရှင်ကိုကြည့်ရတာ ပင်ပန်းလိုက်တာ"

သူမရှေ့ကို သစ်သီးပန်းကန်လာချပေးတဲ့သူကိုကြည့်လိုက်တယ်ဆို လက်တစ်ဖက်ကဖုန်းပါကိုင်ထားတာကြောင့် သူမကပြောတော့.....

"ကိုယ် Google ကနေကိုယ်ဝန် နဲ့ပက်သက်တာတွေလေ့လာနေတာပါ ပူတူးရဲ့"

"သိတယ်လေ အဲ့တာကြောင့်ပြောနေတာပေါ့ မပင်ပန်းဘူးလား.....အစစအရာရာလိုက်လုပ်ပေးနေတာ ကျွန်မလည်း ဆရာဝန်ပါသိပါတယ်....ရှင်လည်းပိန်သွားတယ်နော် အားရှိအောင်ပြန်စားရင်စား မဟုတ်ရင်လည်း အားဆေးတော့သွင်းလိုက်ဦး"

သူမပြောနေရင်းနဲ့တောင် သူမဘေးဝင်ထိုင်ကာ Google ပဲပြန်ကြည့်နေတဲ့သူကြောင့် သူလက်ထဲက ဖုန်းကိုဆွဲယူပြီး ပိတ်ပစ်လိုက်သည်။

"ရှင်တစ်ရေးလောက် အိပ်လိုက်ပါလား ကိုကို"

ဆိုကာ သူမကအောက်ချထဲခြေထောက်ကို ဆိုဖာပေါ်တင်လိုက်ပြီး ပေါင်ကိုပုတ်ပြကာ သူကို အိပ်ဖို့ပြောလာတာကြောင့် သူခေါင်းရမ်းပြလိုက်သည်။ဘာလို့ဆိုတော့ ကိုယ်ဝန်ဆောင်တွေကို အညောင်းမိလို့မှမရတာ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now