(3)U/Z

784 24 0
                                    

" ဆရာလေးလဲရေချိုးပြီးပြီးဆိုတော့ ဗိုက်စာနေရော်ပေါ့ "

" ကျတော်ဗိုက်မစာသေးပါဘူး အုပ်ကြီးခင်ဗျာ "

" ဘယ်နှယ်ဆရာလေးရယ်နေတောင်အတော်မြင့်နေပြီကို ဦးရဲ့သား နေပါအုန်းသားဆိုလို့ အခုမှသတိရတယ် သားသားရေထမင်းစားမယ်လေကွာ "

" သားသားခေါင်းမခြောက်သေးလို့သုတ်နေတာဖေဖေ "

အုပ်ကြီးကအော်လိုက်တော့အခန်းထဲ့ကနေထွက်လာတဲ့ထိုသေးသေးလေးမနက်တုန်းကလိုပြောင်ပြောင်လက်လက်တွေနဲ့မဟုတ်ခေါင်းစွပ်အမဲရောင်အင်းကျီနဲ့ဒူးဖုံးဂျင်းအပြာလေးကို၀တ်ထားပြီးစိုနေသေးတဲ့ဆံပင်နီကြောင်ကြောင်လေးကိုသပတ်တစ်ထည်နဲ့ပွတ်ကာနခမ်းလေးဆူပြီးထွက်လာခဲ့တယ်

" ဖေဖေဘာပြောထားလဲ ခေါင်းတွေခနခနမလျှော်ပါနဲ့လို့ လာလာအမြန်ဖေဖေအနားကိုခေါင်းသုတ်ပေးမလို့ "

" ဟုတ် "

တည်ကြည်ငြိမ်းချမ်းအရှေကသားဖနှစ်ယောက်ကိုကြည့်ပြီးဘာရယ်မဟုတ်ပြုံးမိခဲ့တယ်

" အော်ဆရာလေး ထမင်းကအဆင်သင့်ခူးခက်ပြီးသားသိလားဆရာလေးဗိုက်အရမ်းဆာနေရင်စားထားနှင့်ဘာမှအားနာမနေနဲ့ "

ဦးဂုဏ်ထူးတစ်ယောက်သားလုပ်သူရဲ့ခေါင်းကိုခြောက်အောင်သုတ်ပေးနေရင်မှဆရာလေးကိုသတိရသွားတာကြောင့်စကားဆိုမိလိုက်တယ်

" ရပါတယ်ဗျာ ကျတော်ဗိုက်မဆာသေးပါဘူး ပြီးမှအုပ်ကြီးတို့နဲ့အတူတူစားပါ့မယ် "

" ဟုတ်ပြီဆရာလေး ဒီမှာဦးလဲသားလေးကိုခေါင်းသုတ်ပေးတာပြီးတော့မယ် "

" ဟုတ်ကဲ့ ခင်ဗျာ "

ကျတော်လဲဟုတ်ကဲ့ပြောပြီးအုပ်ကြီးပေးထားတဲ့အခန်းထဲ့ကိုခန၀င်နေလိုက်တယ် ဘယ်လောက်မှမကြားဘူးအုပ်ကြီးတစ်ယောက်အခန်းတံခါးခေါက်ကာထမင်းစားရန်လာခေါ်တော့တာပဲ

...........

" ဆရာလေးထဲ့စားနော်ဘာမှအားမနာနဲ့ "

" ဟုတ်ကဲ့ကျတော်ထဲ့စားပါ့မယ် "

" သားသားအစပ်တွေအရမ်းမစားနဲ့ဗိုက်တွေအောက်နေလိုက်မယ် "

ဂုဏ် တည်Hikayelerin yaşadığı yer. Şimdi keşfedin