(28) U/ Z

434 15 2
                                    

" အင်းကျီလက်ရှည် ဘောင်းဘီအရှည်မ၀တ်ရင်မလိုက်ရဘူးမှတ် "

" ဟာ ဒါသက်သက်အကျင့်ပုတ်တာ ဘယ်နှယ်ဗျာ မွေးနေ့ပါတီတတ်ပါတယ်ဆို အင်းကျီလက်ရှည် ဘောင်ဘီအရှည်၀တ်မှာဆိုတော့ ဦးတည်ကြည်ငြိမ်းချမ်းခင်ဗျာ ကျတော်မျိုး တိုက်ပုံနဲ့ရောပုဆိုပဲ၀တ်လိုက်ရမလား "

" မရွဲ့နဲ့ မရွဲ့နဲ့ "

" ဘယ်သူကရွဲ့နေလို့လဲ ဟွန့် "

" မွေးနေ့ပါတီကိုသွားချင်နေတာမဟုတ်ဘူး ရှိန်းကလာခဲ့ပါကွာဆိုလို့မဖြစ်မနေသွားရမှာ "

" အဆင်ပြေတာ၀တ်ရင်ပြီးရော်မှတ်လား "

" အွန်း လက်ရှည်ဘောင်းဘီအရှည်ဖြစ်ရင်ပြီးရော် "

" ဟွန့် "

****************

" ပြီးပြီး "

" ....... "

ပြီးပြီးဆိုပြီးပြောလာတဲ့အနှီးလူသားလေးကြောင့် ကျတော်ကြည့်လိုက်တော့ ပြောဖို့စကားတောင်အစမရှာနိုင်တဲ့အထိ ဒီကလေးကျတော်ကိုယ်အရွဲ့တိုက်နေသလားအောက်မေ့ရတယ် ၀တ်လာတဲ့အ၀တ်က ကြောင်နဲ့ကြွက်ပါတဲ့ကာတွန့်၀ိုင်းဆက်အပြာရောင်လေးနဲ့ အတော်လေးတော့ချစ်ဖို့ကောင်းတယ် ကျတော်ရှိန်းမွေးနေ့ခေါ်သွားရမှာတောင်မခေါ်သွားချင်တော့တဲ့အထိ ဒီကလေးဟာသိပ်ချစ်ဖို့ကောင်းလွန်းနေလို့

" ကျတော်ချောတာကျတော်သိတယ် အဲ့လောက်ထိကြည့်ရတော်ပြီပေါ့ "

ပြောနေပုံက ကိုင်ပေါက်ချင်စရာ ဒါပေမဲ့လဲအဲ့လိုအပြောလေးတွေကအစချစ်နေရတာဆိုတော့

" ဒါဘယ်လိုဖြစ်လာတာတုန်း သိက္ခာလေး "

" ခင်ဗျာကြီးပဲ လက်ရှည်ဘောင်းဘီအရှည်ပဲ၀တ်ခဲ့ဆို "

ဘုရား ဘုရား တော်လိုက်တဲ့ကျတော်အမျိုးသားလေး

" ကိုယ်ပြောတဲ့ လက်ရှည်ဘောင်းဘီအရှည်ဆိုတာ ဒီလိုကာတွန့်အရုပ်ပါတဲ့ဟာမဟုတ်ဘူးလေကွာ "

" ဟွန့် သူကျတော့လက်တို၀တ်ထားပြီးတော့ သူများကျမှလက်ရှည်၀တ်တဲ့ အတော်တရားကျဖို့ကောင်းတယ် "

" ကဲ့ပါကွာ ဟိုတနေ့က ကိုယ်၀ယ်လာပေးတဲ့ခေါင်းစွပ် လက်ရှည်စိမ်းနုလေးအဲ့ဒါလေးပဲ၀တ်ခဲ့ "

ဂုဏ် တည်Where stories live. Discover now