♥️နှလုံးသားရှင်းတမ်း♥️
Part-9
ကုတင်ပေါ်မှာထိုင်လျက်အခန်းတွင်းကိုသန့်ရှင်းရေးလုပ်နေသည့်ကိုကို့ ကိုခူးထိုင်ကြည့်ပြီးအပြုံးကြီးပြုံးနေမိလေသည်။ခူး လုပ်မယ်ဆိုတာကိုပေးမလုပ်ပဲသူကိုယ်တိုင်ကျလုပ်နေသည့်ကိုကိုက တော်တော်လေးကိုကြည့်ကောင်းလေသည်။ခူးရဲ့အတွေးထဲမှာ ကိုကိုကော ငါ့ကိုချစ်ရဲ့လား ဆိုသည့်မေးခွန်းကအမြဲနေရာယူထားလေသည်။ကိုကို့ ကိုတစ်ခါလောက်မေးကြည့်ချင်လာသည်။
"ကိုကို"
"အင်း ပြောလေ ငယ်"
ကိုကိုကအလုပ် လုပ်နေရင်းနဲ့မှသူမခေါ်လာသည်ကိုမဆိုင်းမတွပြန်ထူးကာ နောက်ဆက်တွဲခေါ်လိုက်သည့် "ငယ်" ဆိုတဲ့စကားလုံးလေးကခူးရဲ့နားကိုသကာလောင်းသလိုချိုအီသွားရလေသည်။အတိုင်းမသိလည်းဝမ်းသာရလေသည်။ဒီလိုဆိုသူမမေးကြည့်ချင်တဲ့မေးခွန်းကိုမေးဖို့ရန်အတွက်အားအင်အပြည့်ဖြစ်သွားလေပြီ။
"ဘာပြောမလို့လည်းပြောလေ"
အချိန်တော်ကြာသူမဆီကခေါ်ပြီးဘာမှပြန်မပြောသည်ကြောင့်သူထပ်မံမေးလိုက်လေသည်။
"ကိုကိုခေါ်တာလေးကိုသဘောကြလို့"
"အင်း နောက်ဆိုအဲ့လိုပဲခေါ်မယ် မင်းကြိုက်တယ်မလား"
"အင်း အရမ်းပဲ"
သူမရဲ့ပြန်ဖြေသံကိုသဘောတကျပြုံးလိုက်ပြီးလုပ်လက်စအလုပ်ကိုရပ်လိုက်ကာသူမထိုင်နေသည့်နေရာသို့လျှောက်လှမ်းလာကာသူမဘေးဝင်ထိုင်လိုက်လေသည်။သူမနဖူးထပ်မှာကပိုကရိုကျနေသည့်ဆံနွယ်စကိုနားအနောက်သို့သပ်ထည့်ပေးလိုက်ပြီးသူမပါးပြင်နုနုကိုဖွဖွဆွဲလိုက်ကာထပ်မေးလေသည်။
"ကိုယ့်ကိုဘာပြောမလို့လည်း"
"မေးစရာရှိလို့"
"မေးလေ ဘာမေးမလို့လည်း"
သူ့ဆီကခွင့်ပြုချက်ရသည်နှင့်ခူးအချိုသာဆုံးပြုံးလိုက်ကာ
"ကိုကို ဟို ဟို ကိုကို ခူးကိုချစ်လားဟင်"
ခူးရဲ့စကားကြောင့်ရှင်းကသဘောတကျရယ်လိုက်ပြီးပြန်ဖြေရန်ပြင်လိုက်လေသည်။
YOU ARE READING
💜နှလုံးသားရှင်းတမ်း💜
Fanfictionဆိုးမယ်မိုက်မယ်ကြမ်းမယ်ဒါပေမယ့်မင်းကိုတော့ချစ်တယ်....ကိုယ့်နှလုံးသားကိုရှင်းတမ်းထုတ်လိုက်ပြီ ကိုယ်မင်းတစ်ယောက်ထဲကိုပဲချစ်နေမိတယ်ခူးရယ်.... မင်းရန်ရှင်း မိဘတွေကိုလွန်ဆန်ပြီးတော့တောင်ရှင့်ကိုချစ်ခဲ့တာပါကိုကိုရယ်....ခူးကျန်ရစ်တော့မဖြစ်ပါရစေနဲ့...အကို့က...