Part-18 Uni/Zawgyi

7.1K 109 3
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-18

"ဒေါ်စံထား ဒေါ်စံထား.....အခုချက်ချင်းထွက်ခဲ့စမ်းပါ"

ဧည့်ခန်းဝမှာခါးထောက်လျက်ဒေါသတွေထွက်ကာဒေါ်စံထားနာမည်ကိုအော်ခေါ်နေသည်ကြောင့်ဒေါ်စံထားမှာအိမ်ပေါ်ကနေအလောတကောဆင်းချလာပြီး ရှင်းကိုပြန်ရန်တွေ့လေတော့သည်။

"ဟဲ့အိမ်ရှေ့မှာအော်ကြီးဟစ်ကျယ်နဲ့ဘာဖြစ်နေတာလည်း.....စောစောစီးစီးကျက်သရေကိုယုတ်တယ်"

ဒယ်ဒီဆေးသွားကုနေသည်ကဒီမိန်းမအတွက်အခွင့်အရေးတွေရနေသည်ထင်။သူ့ကိုများကျက်သရေယုတ်သည်တဲ့။

"အဟက် ကျက်သရေယုတ်တယ်ဟုတ်လား.....နားစမ်းပါဗျာ ဒီအိမ်မှာကျက်သရေမရှိတော့တာ ခင်ဗျားတို့သားအမိရောက်လာကတည်းကပဲ.....ဒါကိုစကားလုပ်ပြောဖို့ကိုမသင့်တာ"

"တောက် ကြည့်စမ်း နင်ဘယ်လိုပြောလိုက်တာလည်းဟမ်.....လူကြီးကိုများ မိုက်ရိုင်းလိုက်တာ"

"လူကြီးကကောလူကြီးပီသအောင်ဘယ်အခါကများနေခဲ့လို့လည်း.....ကျစ် တော်ပြီ အခုကခင်ဗျားတို့ကိုသတိလာပေးတာ.....သတင်းစာထဲမှာမဟုတ်မဟပ်ထည့်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါလေ့စေ.....ကျုပ်မိန်းမနဲ့သမီးကိုထိလာရင်တော့အသက်ချင်းလှဲပြစ်လိုက်ဖို့လည်းဝန်လေးနေမှာမဟုတ်ဘူးနော် ဒေါ်စံထား.....ခင်ဗျားသမီးကိုလည်းသတိပေးထားလိုက်"

"ဟဲ့ မင်းဘာတွေလာပြောနေတာလည်း"

"ခင်ဗျားတို့မသိချင်ယောင်ဆောင်နေတာကိုလေကုန်ခံပြီးတော့ထပ်ရှင်းမပြနေတော့ဘူး.....ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ"

လက်ညိုးထိုးလျက်ကြိမ်းဝါးကာသတိပေးစကားလာပြောလာသည်ကဒေါ်စံထားကိုကြက်သည်းပင်ထစေလေသည်။ကားကိုတလဟောမောင်းထွက်သွားမှဒေါ်စံထားမှာဒေါသတွေကိုပေါက်ထွက်ရလေသည်။

"တောက်ခွေးလိုပဲအဆင့်မရှိတဲ့ကောင်....ဒင်းနိုင်တုန်းတော့လုပ်ထားအုံးပေါ့....ဟွန့်"

"မာမီ ဘာဖြစ်တာလည်း"

အဲလစ်ကအခုမှအိပ်ယာထလာသည့်ပုံနှင့်မျက်နှာကိုအကျည်းတန်စွာမဲ့ရွဲ့လျက်ပြောဆိုနေသည့်ဒေါ်စံထားကိုဘာမှမသိစွာလာမေးသည်ကဒေါ်စံထားအတွက်ပိုလို့စိတ်တိုချင်စရာကောင်းလှပေသည်။

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now