Part-13 Uni/Zawgyi

6.3K 136 3
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-13

အချိန်တွေကပဲမြန်လွန်းတာလား.....ခူးကပဲသူ့ကိုမေ့ဖို့ခက်ခဲနေတာလားခူးဝေခွဲမတက်တော့ဘူး.....အချိန်တွေဘယ်လောက်ကြာကြာခူးကိုရက်ရက်စက်စက်ပြစ်ထားခဲ့တဲ့သူ့ကိုခူးအခုထိမမုန်းနိုင်တာခူးမှားသလား.....ဖြစ်နိုင်ပါတယ်လေ.....ခူးရဲ့အချစ်အားလုံးကိုသူ့တစ်ယောက်ထဲခူးပုံအပ်ခဲ့မိတာလေ.....ဒါတွေကိုမသိနိုင်မမြင်နိုင်တဲ့သူကတော့ဘယ်သိပါ့မလဲ.....ခူးသူ့ကိုဘယ်လောက်ချစ်ခဲ့တယ်ဆိုတာခူးကိုယ်တိုင်ပဲအသိဆုံးမလား.....လွယ်လွယ်ရတော့ပေါတယ်လို့ထင်နေတဲ့သူ့ကိုခူးမုန်းရမယ်....

"ငါသူ့ကိုမုန်းရမယ် မုန်းနိုင်ရမယ်"

"မာမား မာမား"

ပြတင်းကနေအပြင်ဘက်သို့ကြည့်ရင်းအတွေးလွန်နေတုန်းအနောက်ကနေခေါ်လိုက်သည့်အသံစာစာနဲ့သမီးလေးကြောင့်အတွေးစတို့ပြတ်တောက်သွားခဲ့လေသည်။

"ဟင် အင် သမီးလေးပြီးပြီလား"

"ဟုတ်မာမား မီးလှလားဟင်"

ဂါဝန်ပန်းရောင်ကားကားလေးကိုဝတ်ထားပြီးခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာသူမရဲ့မိခင်ဖြစ်သူကိုမေးလိုက်လေသည့်သမီးလေးကြောင့်ခူးပြုံးလျက်

"လှတာပေါ့မားသဲလေးရဲ့"

"အဲ့ဆိုမာမားသွားမယ်လေနောက်ကျနေလို့ဦးဖေမီးတို့ကိုရှာနေရလိမ့်မယ်"

"ဟုတ်ပါပြီတော် သွားမယ်လာ"

သမီးဖြစ်သူကိုလက်တွဲပြီးကိုလင်းပြန်လာမည်ကိုကြိုဖို့လေယာဉ်ဆိပ်သို့ထွက်လာခဲ့လေတော့သည်။

"မမခတ္တာ မြန်မြန်လေးမောင်း နောက်ကျတော့မယ်"

သမီးလေးကသူမလက်ကအရုပ်နာရီလေးကိုကြည့်ကာပြောလိုက်ပြီးအလျင်လို‌နေသည့်ပုံလေးကြောင့်ခူးပြုံးလိုက်ပြီး

"အိုကွယ်သမီးကလည်းအရမ်းအလျင်မလိုပါနဲ့အချိန်ကလိုပါသေးတယ်"

"မားကလည်း မီးကဦးဖေကိုအရမ်းတွေ့ချင်နေပြီ"

ဆူဆူပုတ်ပုတ်လေးပြောလာသည်ကြောင့်သမီးရဲ့ပါးလေးကိုဖိညစ်ပြစ်လိုက်လေသည်။

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now