Part-11 Uni/Zawgyi

6.6K 146 4
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-11

ခဲရောင်ချိတ်ဝမ်းစပ်ကိုဝတ်ဆင်ကာမဟာဆန်လွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံကိုပန်းချီကားချပ်တစ်ခုအဖြစ်ဖန်တီးနေတဲ့တက်တူးတွေနဲ့လက်တစ်စုံ။အလင်းရောင်ကထိုပန်းချီထိုင်ဆွဲနေသည့်နေရာမှာသာမှိန်ပြပြရှိနေပြီးကျန်နေသည့်နေရာမှာတော့နီညိုရောင်ကျင့်ကျင့်အရောင်သာရှိနေလေသည်။ထိုလက်တစ်စုံမှာတော့ခဲရောင်ဆေးပါသည့်စုတ်တံကိုကိုင်ကာဆေးအရောင်တွေခြယ်သနေလေသည်။ထိုပန်းချီကားချပ်ပေါ်သို့ပျံ့လွင့်သွားသည့်မီးခိုးငွေ့တွေက လေးကိုင်းသဏ္ဍာန်နှုန်ခမ်းထက်ကနေမှုတ်ထုတ်လိုက်တဲ့စီးကရက်ငွေ့တွေသာဖြစ်လေသည်။

"ဒီပုံလေးကိုတော့ပြခန်းတင်သင့်ပြီထင်တယ်"

အသံလာရာသို့ကြည့်လိုက်တော့ခပ်ချောချောကောင်မလေးတစ်ယောက်ကလက်ပိုက်လျက်ပြုံးကာတံခါးဘောင်ကိုမှီလျက်ကြည့်နေလေသည်။

"ဟာ ရိပ်လေး ဘယ်တုန်းကရောက်တာလည်း"

ထိုကောင်မလေးကိုမြင်တာနဲ့လက်ထဲကစုပ်တံကိုချလိုက်ပြီးစီးကရက်ကိုမီးသပ်လိုက်လေသည်။ဆေးရောင်တွေပေနေသည့်လက်ကိုအဝတ်ပိုင်းတစ်ခုနဲ့သုပ်လိုက်ပြီးမီးခလုတ်ကိုအခန်းတွင်းလင်းသွားအောင်နှိပ်လိုက်လေသည်။ထိုကောင်မလေးက အခန်းတွင်းသို့ဝေ့ဝဲကြည့်နေပြီး

"ကိုကို"

"အင်းပြောလေရိပ်"

"ဒီပုံလေးတွေကို ရိပ်ပြခန်းမှာတင်လိုက်ပါလားဟင်"

နံရံမှာထောင်ထားသည့်စာအုပ်လေးပိုက်ကာဆံပင်ကျစ်စမြီးနှစ်ဖက်နဲ့အဝါရောင်‌ဂါဝန်လေးဝတ်ထားသည့်ကောင်မလေးပုံကြီးကို အရိပ်သစ်ကလက်ညိုးထိုးပြပြီးဆိုတော့ ရှင်းကတစ်ချက်ရယ်လိုက်ကာ

"ပေါက်ဈေးထက်နှစ်ဆပေးမှတင်ခွင့်ပြုမယ်"

"အာ ကိုကိုရာမောင်နှမချင်းကိုညစ်နေပြန်ပါပြီ"

"အဟွန်းးးဒီမှာညီမလေး ဒီပုံတွေက ကိုကိုရောင်းဖို့အတွက်ဆွဲနေတာမဟုတ်ဘူးဆိုတာ ငါ့ညီမသိပါတယ်....အကို သူတို့သားအမိကိုပြန်ခေါ်ပြီးတဲ့အချိန်ကြရင်လက်ဆောင်အဖြစ်ဒီပုံတွေကိုပေးမှာ"

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now