Chapter 60

8.9K 412 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 60

သူတို့မြန်မာပြည်ကိုရောက်နေတာ ဒီနေ့နဲ့ဆို နှစ်လတောင်ရှိသွားပြီ ဖြစ်သလို သူကလည်းအလုပ်မရှိတာမို့ အချိန်အတိုင်း သူမအနားသာကပ်နေဖြစ်သည်။သူမကိုယ်က 3လကျော်လာတယ်ဆို အပျိူဗိုက်ဆိုသောလည်း ကလေးက 4 ယောက်တောင်မို့ သူများအပျိူဗိုက်ထက်တော့ ပိုပြီးဗိုက်ထွက်တယ်ပြောရမည်။သူကလည်း သူမအနားမှာရှိနေတဲ့တစ်ချိန်လုံး သူမဖြစ်ချင်တာဆိုမဖြစ်မနေရပုံစံနဲ့ အကုန်ဖြည့်စည်းပေးသည်။

သူအစ်ကို စေညွှန်းရာတို့တောင် ပဲရစ်ကနေလွန်ခဲ့တဲ့တစ်ပတ်က ပြန်ရောက်လာတာဖြစ်ပြီး သူနဲ့သူမကို သူမိဘတွေနဲ့ ပေးတွေချင်လို့ ဖိတ်တာကြောင့် သူမတို့ညစာသွားစားဖို့အတွက် အခုပြင်ဆင်နေတာဖြစ်သည်။

ပဲရစ်ကနေဘာအဝတ်အစားမှပါမလာတဲ့သူက သူကြိုက်တဲ့ အနက်ရောင်ကိုသူမကမဝတ်နဲ့ဆိုတာကြောင့် ဒီရောက်ကတည်းက သူမဝယ်ပေးတာကိုသာဝတ်သည်။သူမက မကြိုက်ဘူး မဝတ်နဲ့ပြောရင် ဘယ်တော့မှမကျေနပ်တာတဲ့အပြုအမူတွေသူမျက်နာပေါ်မပေါ်သလို *သူမစိတ်ချမ်းသာမူက သူအတွက်အဓိကပါ*ဆိုပြီး ပြောသေးတာ။ဘယ်လောက်တောင် ကောင်းလိုက်တဲ့ယောကျာ်းလဲ။

သူမကပြင်ဆင်ပြီးတော့ နက်ပြာရောင်ဂါဝန်ဒူးအတိလေးဝတ်ထားတယ်ဆို သူကလည်းကိုယ်ကျပ်အင်္ကျီနက်ပြာရောင် နဲ့ ဘောင်းဘီနက်ပြာရောင်ဝတ်ထားသည်။မုန်တင်ခုံရှေ့မှာ ဆံပင်ကိုအပေါ်လှန်တင်နေတဲ့သူကိုကြည့်ကာ *သူမအမျိူးသားကချောလိုက်တာ*လို့ပြောမိသည်။

"ကိုကို"

"ပြောလေပူတူး လိုချင်လို့လည်း....ကိုယ်ဘာလုပ်ပေးရမလဲ"

သူပုံစံကို မုန်ထဲကြည့်နေရင်းကနေ သူမပြောတာကို ဖြေလို့ရသားနဲ့ သူမအမျိူးသားကတော့ ကြည့်နေတဲ့မှန်ကို ကျောပေးပြီး သူမဘက်ကိုလှည့်လာက သူမကိုမေးသည်။

"အရမ်းမိုက်တယ်လို့ပြောမို့"

"ကိုယ်ကဘာများလဲလို့ ပူတူးယောကျာ်းချောတာအခုမှသိတာလား ကိုယ်ကမွေးကတည်းကချောတာကိုသိတယ်"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now