Chapter 61

7.7K 365 11
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 61

Mine တို့အပြင်ကပြန်လာတယ်ဆို သူမကကိုယ်လက်သန့်စင်ဖို့အတွက် ရေချိူးခန်းထဲပို့ပြီးတယ်ဆို သူမကို ရေချိူးခန်းရှေ့ကစောင့်ရင်း သူဖုန်းထုတ်ပြီးကြည့်နေရာက ချစ်ရသူ acc ထဲဝင်ကြည့်တော့ တစ်စုံတစ်ယောက်က သူမနေ့လည်စာစားတုန်းကပုံတွေကို သူမကို Tage တွဲပြီးတင်ထားတာကြောင့် accပိုင်ရှင်ကိုကြည့်လိုက်တော့ သူနဲ့နှစ်ခါသာဆုံဖူးပင်မဲ့ အဲ့မျက်နာကိုမမေ့တာကြောင့် ဒေါသထွက်သွားရတဲ့အပြင် post အောက်က comment တွေဝင်ဖတ်မှသွေးဆောင့်တက်သွားသလားထင်ရအောင် မျက်နာကြီးရဲသွားတော့သည်။

ပုံတွေမှာတစ်ယောက် နဲ့တစ်ယောက်ဟင်းတွေခတ်ထည့်ပေးနေကြတာတွေရော ရီပြီးစကားပြောနေတာတွေရောမို့.......

~ဗဟိုရ်တို့ကတော့ စွံ့ပြီဟေ့~

~ဘာလဲ သတို့သမီးထုတ်ကြွားတာလား အချောလေးနော်~

~ကိုယ်တွေအစ်ကိုကတော့ လက်မထပ်ခင်စုဗူးလေးပါ ပူအောင်လုပ်ထားတာပဲ~

~သတို့သမီးလည်းထုတ်အပြ ကလေးအဖေဖြစ်ကြောင်းလည်းပြတာပေါ့~

comment တွေဖတ်ပြီး Mine ဒေါသထွက်နေတာက ကိုယ်စိတ်ကိုယ်လွတ်မထွက်သွားအောင် မနည်းထိန်းနေရသည်။အဓိကအားဖြင့် post မှာရေးထားတဲ့စာတွေကြောင့် တစ်ခြားသူတွေတစ်မျိူးထင်ကုန်တာ။

~သူများမိန်းမကို ကြောင်တောင်နှိုက်ချင်တာက လုပ်နေတဲ့အလုပ်နဲ့မှ မလိုက် ကိုယ့်ဂုဏ်သိက္ခာ တောင်မကြည့်တဲ့ post တင်တဲ့လူရော comment မှာပြောချင်ရာပြောနေတဲ့သူတွေပါ အရေးယူလို့ရတယ်ဆိုတာ မမေ့နဲ့~

ကိုယ်နဲ့ပက်သက်ရင်တောင် တစ်ဖက်သားကို ကိုယ်ချင်းစာတရားဆိုတာ သူစိတ်ထဲထားလို့ရင်ရမယ် သူမနဲ့ပက်သက်ရရင်တော့ အဲ့စိတ်တစ်စက်မျှမရှိတာသေချာတာကြောင့် သူရဲ့ blue mark ပါတဲ့ acc နဲ့အဲ့ post အောက်ဝင်မန့်လိုက်သလို ချက်ခြင်းစုံတွဲပုံတင်ထားပင်မဲ့ မျက်နာကွယ်ထားတဲ့ပုံကို ချက်ခြင်းလက်ထပ်တုန်းက ပုံပြောင်းပစ်လိုက်သည်။

သူစိတ်တွေက ပုံတွေမြင်ကတည်းကဘယ်လိုမှကြည်မလာတော့တာကြောင့် ခဏနေအန်တီတို့က သူမကိုလာကြည့်မှာမို့ သူအန်တီတို့ရောက်နေခိုက် အဲ့ကောင်နဲ့ ပြဿနာရှင်းဖ်ု့ဆုံးဖြတ်ကာ ဘယ်သူကိုမဆိုသူ့ဘက်က အရင်စာပို့တာမရှိသလောက်ရှားတဲ့အထဲ မင်းဗဟိုရ်ပါသွားကာ တွေ့မဲ့နေရာချိန်းလိုက်သည်။သူမရှေ့မှာတော့ ဒေါသထွက်တဲ့သူပုံစံကိုထုတ်ပြလို့မဖြစ်ရင် ကွယ်ရာမှာထုတ်ပြမယ်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now