Chapter 63

8.3K 418 14
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 63

သူမသတိရလာတယ်ဆို အရင်ဆုံးခံစားလိုက်ရတာက မေ့ဆေးအရှိန်မရှိတော့တာကြောင့် ခွဲထားတဲ့ ဗိုက်နေရာကနာနေတာကိုခံစားရသည်။ပြီးတော့ သူမရဲ့လက်လေးတစ်ဖက်ကို တစ်စုံတစ်ယောက်က ကိုင်ထားတဲ့အပြင် သူမရင်သားတစ်ဖက်ကလည်း တစ်ပြွတ်ပြွတ်စို့နေသလို ခံစားရတာမို့ ကြည့်လိုက်တော့ သမီးလေးကနို့စို့နေတာကို မေကြီးကထိန်းပေးတာသည်။

"သမီး သတိရပြီလား ဗိုက်ခွဲထားတဲ့နေရာက နည်းနည်းတော့နာမယ်နော်"

အမေက နည်းနည်းတော့နာမယ်လို့ပြောပင်မဲ့ လက်ထိပ်လေး အပ်စိုက်ရင်တောင်နာတာ ဗိုက်ခွဲထားတာ နည်းနည်းပဲနာတယ်ဆိုတာ လုပ်ဝမဖြစ်နိုင်။သူတွေးမိရင်းသူမလက်လေးကို နမ်းမိသည်။

"ပူတူး သက်သာလား ကိုယ်ဘာလုပ်ပေးရမလဲ"

သူမလက်လေးကို ကိုင်ထားတဲ့ဘက်ကိုကြည့်လိုက်တယ်ဆို သူကစိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့သူမကို မေးလာတာကြောင့် သူမကခေါင်းလေးလှုပ်ယုံလေးရမ်းပြလိုက်သည်။

"သမီးရဲ့ သမီးအငယ်လေးကဆိုးမယ်ထင်တယ် မွေးခန်းထဲကထွက်ကတည်းက သူပဲငိုနေတာ အကြီးလေးတွေကငြိမ်နေရော....နို့စို့နေတာလဲကြည့်ဦး သူတစ်ယောက်ထဲကုန်အောင်စို့မဲ့ပုံ"

နို့စို့နေတဲ့ သမီးလေးကိုကြည့်ကာ သူမကိုပြောလာတဲ့ မေမေကြောင့် သူမ နဲ့ သူတစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ ပြုံးမိသည်။သေချာတာကတော့ တစ်ယောက်ထဲသမားလေးဆိုပြီး မိသားစုတွေအပေါ်ဆိုးတော့မှာကသေချာပေါက်ပင်။

"အကြီးလေးတွေ အေးတာက သားသူ့နဲ့တူလိုဖြစ်မှာ အငယ်လေးအာဗြဲစိန်လေးက သူ့တို့အမေငယ်ငယ်ကအတိုင်းပဲ လိုချင်တာမရရင်ငိုတော့တာပဲ"

သူမက ဗိုက်ကခွဲထားတာကြောင့်သာ ဘာမှမပြောတာနေမှာ မဟုတ်လို့ဆိုရင် သမီးဘယ်မှာငိုလို့လည်း ပြန်မေးမှာသေချာသလောက်ပင်။သူမထင်တာထက်ကို သူယောကျာ်းအလိုလိုက်ထားလို့ဆိုးချင်ဆိုးနေမှာ။

"အဲ အငဲ အဲ"

နို့ဝသွားလို့ မျက်လုံးလေးမိတ်သွားတယ်ဆိုနောက်တစ်ယောက်တိုက်ဖို့အတွက် မြေးမလေးကို ပုခတ်ထဲထည့်ဖို့ပဲရှိသေး မထည့်ရသေးပဲ ထငိုတာကြောင့် ပြန်ချီထားလိုက်တော့တိတ်သွားသည်။အခုမှမွေးပြီးတာ နာရီပိုင်းပဲရှိသေးတာ ပေါက်စကွေးလေးက လက်ကြိုက်နေပြီ။ပေါက်စကွေးလေးသာပြောတာ အစ်ကိုတွေ 7ပေါင်ကျော်လေးတွေ သူမလေးက 8 ပေါင် နဲ့ 6 အောင်စတောင်မှ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now